မုံရွာ ဧပြီ ၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံတစ်ဝှမ်း မတ်လ ၃၁ ရက်နေ့မှ စတင် ဖြေဆိုလျက်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီးမှ တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၁၃၈၀၉ ဦး အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ဖြေဆိုကြရမည်ဖြစ်ပြီး စစ်ကိုင်းတိုင်းဒေသကြီးရှိ မြိုနယ်ပေါင်း ၃၄ မြို့နယ်တွင် စာစစ်ဌာန(၇၂) ခုဖြင့် ဖြေဆိုခြင်းဖြစ်ရာ ယနေ့တွင်ဖြေဆိုသူ ကျား (၅၄၂၄) ဦး၊ မ (၈၃၈၅) ဦး၊ စုစုပေါင်း (၁၃၈၀၉) ဦး ဖြေဆိုမှု ရာခိုင်နှုန်း ၈၂ ဒသမ ၀၆ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေး အတွက် ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ ပညာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
တိုင်းဒေသကြီး(ပြန်/ဆက်)