တနင်္သာရီ ဧပြီ ၂
တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်၊ တနင်္သာရီမြို့နယ်အတွင်း ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွကို စာစစ်ဌာန(၃)ခုအတွင်း စာမေးပွဲဖြေဆို လျက်ရှိရာ ယနေ့ နံနက်၉ နာရီမှ ၁၂ နာရီအချိန်အထိ (တတိယ)နေ့၊ သင်္ချာဘာသာအား ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆက်လက်ဖြေဆိုကြကြောင်း သိရသည်။
ယင်းသို့ဖြေဆိုရာတွင် အထက-တနင်္သာ ရီစာစစ်ဌာန၌ ဖြေဆိုရန်စာရင်းရှိ ကျား (၇၃)ဦး+မ (၁၅၁)ဦး၊ ပေါင်း(၂၂၄)ဦးရှိသည့် အနက် ဖြေဆိုသူကျား(၆၆) ဦး+မ(၁၃၄)ဦး၊ ပေါင်း(၂၀၀)ဦး ရှိပြီး၊ ဖြေဆိုရန်ပျက်ကွက် သူ ကျား(၇)ဦး+မ(၁၇)ဦး၊ ပေါင်း(၂၄)ဦး ဖြစ်ကြောင်း သိရသည်။
အလားတူ အထက-ညောင်ပင်ကွင်း စာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းရှိ ကျား(၁၆) ဦး+မ (၅၀)ဦး၊ ပေါင်း(၆၆)ဦးရှိသည့် အနက် လာရောက်ဖြေဆိုသူကျား(၁၃)ဦး+မ(၄၃)ဦး၊ ပေါင်း (၅၆)ဦးဖြစ်ပြီး ကျား(၃)ဦး+မ(၇)ဦး၊ ပေါင်း(၁၀)ဦးဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း၊ အလား တူအထက-မော်တုန်းစာစစ်ဌာနတွင် ဖြေဆိုရန်စာရင်းရှိ ကျား(၁၇)ဦး+မ(၅၃)ဦး. .ပေါင်း (၇၀)ဦးစာရင်းရှိသည့်အနက် လာရောက်ဖြေဆိုသူကျား(၁၄)ဦး+ မ(၄၆)ဦး၊ ပေါင်း)(၆၀)ဦး ရှိပြီး၊ ဖြေဆိုရန်ပျက်ကွက်သူ ကျား(၃)ဦး+မ(၇)ဦး၊ ပေါင်း(၁၀)ဦးဖြစ်ကြောင်း သိရှိရသည်။
သို့ပါ၍တနင်္သာရီမြို့နယ်ရှိ စာစစ်ဌာန(၃) ခုစလုံးတွင် ဖြေဆိုရန်စာရင်းရှိ ကျား(၁၀၆) ဦး+ မ(၂၅၄)ဦး၊ ပေါင်း(၃၆၀)ဦးရှိသည့် အနက် ယနေ့တွင် လာရောက်ဆိုသူ ကျား (၉၃)ဦး+ မ(၂၂၃)ဦး၊ ပါင်း(၃၁၆)ဦး လာရောက်ဖြေဆိုကြသဖြင့် ဖြေဆိုမှုရာနှုန်းမှာ (၈၇.၇၈) ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)