ကျောက်ကြီး ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ဧပြီလ ၁ ရက်နေ့ ညနေပိုင်းတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခဲ့သည်။
ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရန် မြို့နယ် မီးသတ်ဦးစီးမှူးမှ ဦးဆောင်၍ မီးသတ်မော်တော်ယာဉ်ဖြင့် မြို့နယ်အတွင်းလှည့်လည် နှိုးဆော်ခြင်းနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်နိုင်ရန် မီးသတ်တပ်ဖွဲ့ဝင်များအား ၂၄ နာရီ ဂျူတီချထား ဆောင်ရွက်ထားကြောင်း၊ ဒေသခံပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကြုံတွေ့ပါက ဆက်သွယ်ရမည့်ဖုန်းများ ကြိုတင်ဖြန့်ဝေပြီးဖြစ်ကြောင်း၊ မိမိတို့ နေအိမ်များတွင် သဲအိတ်၊ ရေအိတ်၊ မီးချိတ်၊ မီးကပ်များကို မီးဘေးအန္တရာယ် ကာကွယ်နိုင်ရေးအတွက် ကြိုတင်ဆောင်ရွက်ထားရှိနိုင်ရန်နှင့် ပူပြင်းခြောက်သွေ့သောရာသီဖြစ်၍ လမ်းလျှောက်လျှင် ဆေးလိပ်သောက်ခြင်းမပြုရန် လိုက်လံအသိပေး နှိုးဆော်ခဲ့ခြင်းဖြစ်ကြောင်း မြို့နယ် မီးသတ်ဦးစီးမှူး ဦးနီဌေးထံမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)