မြန်အောင်မြို့နယ်အတွင်းရှိ စာစစ်ဌာန (၉) ခု၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်ဖြေဆို

မြန်အောင်  ဧပြီ   ၂

၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင် မြို့နယ်အတွင်းရှိ စာစစ်ဌာန (၉)ခု၌ တတိယနေ့  သင်္ချာဘာသာရပ်အား ယနေ့ နံနက်က အေးချမ်းပျော်ရွှင်စွာ ဖြေဆိုပြီးစီးကြောင်း သိရသည်။

မြန်အောင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁) မြန်အောင်၊ အ.ထ.က(၂)နေခြည် မြန်အောင်၊ အ.ထ.က ကနောင်၊ အ.ထ.က သ ပြေကုန်း၊ အ.ထ.က အင်ပင်၊ အ.ထ.က တာခွ၊ အ.ထ.က ဇလုပ်မ၊ အ.ထ.က လက်ပံကွင်းနှင့် အ.ထ.က ရွှေကျင် စာစစ်ဌာန(၉)ခုတို့တွင် ကျောင်းတွင်းနှင့် ပြင်ပအလွတ်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ ကျား (၃၈၃) ဦး၊ မ (၆၀၈) ဦး၊ စုစုပေါင်း(၉၉၁) ဦးရှိကြောင်းနှင့် အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုသောနေ့တွင် ဖြေဆိုသူ ကျား (၃၃၇) ဦး၊ မ (၅၇၄) ဦး၊ စုစုပေါင်း (၉၁၁)ဦး (ဖြေဆိုရာနှုန်း ၉၁.၉၃%) ၊ ပျက်ကွက် ကျား (၄၆) ဦး၊  မ (၃၄) ဦး၊ စုစုပေါင်း (၈၀) ဦး (ပျက်ကွက်ရာခိုင်နှုန်း ၈.၀၇%) ရှိကြောင်း မြိုနယ်ပညာရေးမှူးရုံးမှ သိရှိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် တာဝန်ရှိသူများက သက်ဆိုင်ရာ စာစစ်ဌာနများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။

ဝင်းဗိုလ် (မြန်အောင်)