ကော့ကရိတ် ဧပြီ ၂
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့သင်္ချာဘာသာရပ်ကို ယနေ့နံနက် (၉)နာရီအချိန်က ကော့ကရိတ်ခရိုင်အတွင်းရှိ စာစစ်ဌာန (၇)ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ (၁၆၈၃)ဦးတို့က ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူမရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။
ယခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကော့ကရိတ်ခရိုင်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အထက(၁) ကော့ကရိတ်၊ အထက (ကျုံဒိုး)၊ အထက (နဘူး)နှင့် အထက(ကော့ဘိန်း)၊ အထက(ကြာအင်းဆိပ်ကြီး)၊ အထက (တံခွန်တိုင်)၊ အထက(ကျိုက်ဒုံ)စသည့် စာစစ်ဌာနတို့တွင် လာရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၁၆၈၃)ဦးတို့ ဖြေဆိုလျက်ရှိကြောင်း သိရသည်။ တက္ကသိုလ်ဝင် စာမေးပွဲကို ဖြေဆိုနိုင်ရေး အတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)