တက္ကသိုလ်၀င်စာမေးပွဲ တတိယရက် သင်္ချာဘာသာရပ် ဖြေဆိုပြီးစီး

ရေဦး ဧပြီ ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင် ရေဦးမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲတတိယရက် သင်္ချာဘာသာရပ်ကို ယနေ့နံနက်၉ နာရီက  အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း (ရေဦး)စာစစ်ဌာနတွင် ကျောင်းသားများ ဖြေဆိုခဲ့ရကြောင်းသိရသည်။

အဆိုပါစာမေးပွဲသို့ ဖြေဆိုကျောင်းသား ၁၀၂ ဦး၊ ပျက်ကွက်ကျောင်းသား ၅၀ ဦးရှိကြောင်း မြို့နယ်ပညာရေးမှုးရုံး စာမေးပွဲဖြေဆိုပျက်ကွက်မှုစာရင်းအရ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းနိုင်ထွန်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်လုံခြုံရေးတပ်ဖွဲ့၊ စာစစ်ဌာနမှ တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်လျက်ရှိပြီး ကျန်းမာရေးဦးစီးဌာနမှလည်း ကျောင်းသားများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)