တောင်တွင်းကြီးမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား လိုက်လံအသိပေးနှိုးဆော်

တောင်တွင်းကြီး ဧပြီ ၂

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့အတွင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးနှင့် မီးစနစ်တကျသုံးစွဲရေး အသိပေးနှိုးဆော်ခြင်းကို  ယမန်နေ့က နယ်မြေမီးသတ်ဦးစီးဌာနမှ မြို့ပေါ်ရပ်ကွက်များတွင်  လိုက်လံအသိပေးနှိုးဆော်ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်ရာတွင် နယ်မြေမီးသတ်ဦးစီးဌာနမှ  မီးသတ်တပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များရှိ   ပြည်သူများအနေဖြင့် နွေရာသီရောက်လာပြီးဖြစ်ပါ၍ မီးဘေးအန္တရာယ်မကျရောက်စေရန်လျှပ်စစ်မီး၊   မီးဖိုမီး၊ ဖယောင်းတိုင်မီးများနှင့် ခြင်ဆေးခွေများအား ညအိပ်ချိန်တွင် သတိထား၍ စနစ်တကျ ငြှိမ်း သတ်ရန်၊ လျှပ်စစ်မီးပြတ်တောက်နေသည့်အချိန်တွင် မီးခလုတ်များအား သေချာစွာပိတ်ထားရန်၊ နေအိမ်များအလိုက် မီးသတ်ဆေးဘူးနှင့် မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ ထားရှိဆောင်ရွက် ထားရန်၊ နေအိမ်ခြံဝင်းအတွင်း အမှိုက်များအား စနစ်တကျရှင်းလင်းထားရန်နှင့် မီးဘေးအန္တရာယ် ကြုံတွေ့လာပါက အမြန်ဆက်သွယ်အကြောင်းကြားရမည့် သက်ဆိုင်ရာမီးသတ်ဦးစီးဌာန ဖုန်းနံပါတ် များအား လိုက်လံအသိပေးနှိုးဆော်လျက်ရှိသည့်အပြင် နယ်မြေမီးသတ်ဦးစီးဌာနအနေဖြင့် မြို့နယ် အတွင်းရှိ ဌာနဆိုင်ရာရုံးများ၊ ဈေးဆိုင်များ၊  စက်မှုလက်မှုလုပ်ကိုင်သူများတွင်လည်း မီးဘေးကြိုတင် ကာကွယ်ရေး အသိပေးဟောပြောခြင်း၊ စစ်ဆေးခြင်းနှင့်မီးငြိမ်းသတ်ခြင်းများကိုလည်း လက်တွေ့သရုပ်ပြသဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

နိုင်ဝင်း(ပြန်/ဆက်)