ကလေး ဧပြီ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများသည် တက္ကသိုလ်ဝင်စာမေးပွဲ၊ သင်္ချာဘာသာရပ်ကို အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက် ရှိပြီး ယနေ့လာရောက်ဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူပေါင်း (၇၀၅) ဦး ရှိကြောင်းသိရသည်။
ကလေးမြို့တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရန် လျောက်လွှာတင်ထားသည့် ကျောင်းသား၊ ကျောင်းသူ (ဆွံ့အ၊ နားမကြား၊ ကိုယ်လက်အင်္ဂါမသန်စွမ်းအပါအဝင်) စုစုပေါင်း (၇၉၁)ဦး ရှိရာ လာရောက်ဖြေဆိုသူ (၇၀၅)ဦးရှိပြီး ပျက်ကွက် (၈၆)ဦး ရှိသောကြောင့် (၈၉) ရာခိုင်နှုန်း ဖြေဆိုမှုရှိပြီ အေးချမ်းစွာဖြေဆို နိုင် ရေးအတွက် အုပ်ချုပ်ရေးအဖွဲ့စည်းများ၊ ကျန်းမာရေးအဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့များ၊ ယာဉ်ထိန်းရဲတပ်ဖွဲ့ များက အပြင်စည်းမှ ကူညီစောင့်ရှောက်ပေးလျက်ရှိကြောင်း သိရသည်။
ကလေးမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြမည့်ကျောင်းသား၊ ကျောင်းသူများ အတွက် စာစစ် ဌာနများကို အမှတ်(၃)အခြေခံပညာအထက်တန် းကျောင်းနှင့် အင်ဒိုင်းကြီး အခြေခံပညာအထက်တန်း ကျောင်းတို့တွင် (၂) နေရာ သတ်မှတ်ထားပြီး တက္ကသိုလ်ဝင် စာမေးပွဲများအား မတ်လ(၃၁)ရက်နေ့မှ ဧပြီလ(၉)နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း ကလေးမြို့နယ် ပညာရေးဦးစီးဌာနမှ သိရသည်။ ကလေးခရိုင်(ပြန်/ဆက်)