ရေဦး ဧပြီ ၂
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစီအစဉ်ဖြင့် စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ကော်မတီ၊ ကျန်းမာရေးဌာနတို့ပူးပေါင်း၍ ဧပြီလမှစ၍ တစ်ကြိမ်တစ်ခါမျှ ကာကွယ်ဆေးမထိုးရသေးသူ အသက် ၁၈ နှစ်နှင့်အထက် ဒေသခံပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးနှင့် ဌာနဆိုင်ရာ ၀န်ထမ်းများအတွက် ကိုဗစ်-၁၉ကာကွယ်ဆေး (Booster Doose ) တတိယအကြိမ် Covaxism ဆေးစတင်ထိုးနှံလျက်ရှိသည်။
ပထမအကြိမ်နှင့်တတိယအကြိမ် Covaxism ကာကွယ်ဆေးထိုးနှံမည့် သူများအနေဖြင့် ဆေးထိုးစုရပ်ဖြစ်သည့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနသို့ နိုင်ငံသားစိစစ်ရေးကတ် ယူဆောင်လာ၍ စာရင်းပေးထိုးနှံနိုင်ကြောင်း၊ ကာကွယ်ဆေးထိုးနှံပေးရာသို့ တတိယအကြိမ်အဖြစ် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ၊ ကျန်းမာရေး၀န်ထမ်း၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့်လူမှုကူညီ ရေးအသင်းအပါအ၀င်လူဦးရေ ၂၅၀ ဦး၊ ပထမအကြိမ်အဖြစ် အသက် ၁၈ နှစ်အထက်ဒေသခံပြည်သူ ၃၅၀ ဦးလာရောက်ထိုးနှံခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)