မင်းဘူးမြို့တွင် နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြား

မင်းဘူး ဧပြီ ၂

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ် အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော နွေရာသီအားကစားသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် မြို့နယ်အားကစားမှူး ဒေါ်နှင်းက အားကစားသင်တန်းများ ဖွင့်လှစ်ပေးရခြင်း ရည်ရွယ်ချက်ကတော့ ကျောင်းသား၊ ကျောင်းသူ လူငယ်လူရွယ်ကလေးများ စိတ်လေလွင့်ခြင်း မဖြစ်ပေါ်စေရန်နှင့်သူငယ်ချင်းများ ချစ်ခင်ရင်းနှီးစွာနဲ့ စည်းစည်းလုံးလုံးရှိစေရန်၊ မိမိတို့ဝါသနာပါသည့် အားကစားနည်းများအပေါ် စိတ်ပါဝင်စားစွာဖြင့် ကြိုးကြိုးစားစား သင်ယူတတ်မြောက်စေရန်၊ အားကစားနည်းသင်တန်းများမှ ရရှိလာသော  ထိုးထွင်း၍ဖြစ်ပေါ်သော အကြံဉာဏ်ကောင်းများရရှိစေရန် အားကစားနှင့် ကာယပညာဦးစီးဌာနမှ သင်ကြားပေးရခြင်းဖြစ်ကြောင်း ပြောကြားသည်။

သင်တန်းကို မတ်လ ၂၄ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့အထိ ၁၂ ရက်ကြာ သင်ကြားပို့ချသွားမှာဖြစ်ပြီး ကရာတေး၊ လက်ဝှ့၊ စားပွဲတင်တင်းနစ်၊ စစ်တုရင် အားကစားနည်း ၄ မျိုး သင်ကြားပေးသွားမှာဖြစ်ကာ သင်တန်းသား သင်တန်းသူ ၇၀ ဦး တက်ရောက် သင်ကြားခဲ့ကြောင်း မြို့နယ်အားကစားမှူး ဒေါ်နှင်းထံ မှသိရသည်။

ဇေယျာထက်(မင်းဘူး)