ထန်းတပင် ဧပြီ ၂
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်း စာစစ်ဌာနတွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုနေသော ကျောင်းသား/ကျောင်းသူများအား ယနေ့ နံနက် ၉နာရီ အချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့၀င်များက ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးလှမြင့်က စာစစ်ဌာန၌ စာမေးပွဲဖြေဆို နေစဉ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ၏ ကျန်းမာရေး၊ လုံခြုံရေး၊ မီးဘေးအန္တရာယ် ကင်းဝေးစေရေး ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနတာဝန်ရှိသူများနှင့်အတူလိုအပ်သည်များကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထန်းတပင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနများ၌ တတိယနေ့ သင်္ချာဘာသာရပ်ကို အ-ထ-ကထန်းတပင်စာစစ်ဌာနတွင် ကျောင်းသား( ၉၈)ဦး၊ ကျောင်းသူ(၁၅၁)ဦး၊ အ-ထ-ကဇရပ်ကြီးစာစစ်ဌာနတွင် ကျောင်းသား(၅၄)ဦး ကျောင်းသူ (၁၀၆)ဦး၊အ-ထ-က လှည်းလမ်း ကူးစာစစ်ဌာနတွင် ကျောင်းသား(၄၇)ဦး ကျောင်းသူ(၅၄)ဦး စုစုပေါင်းဦးရေ (၅၁၀)ဦး၊ ပျက်ကွက် (၇၄)ဦး၊ (၈၇.၃၃)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြို့နယ်(ပြန်/ဆက်)