စလင်းမြို့နယ်တွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေနှင့် ကိုဗစ်-၁၉ ကာလအတွင်း အထူးချေးငွေထုတ်ချေးပေး

စလင်း စက်တင်ဘာ ၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်အတွင်းရှိ တောင်သူဦးကြီးများ အတွက် ၂၀၂၀ပြည့်နှစ် စိုက်ပျိုးစရိတ်အထူးချေးငွေနှင့် ကိုဗစ်-၁၉ကာလအတွင်း အထူးချေး ငွေများကို မြန်မာ့လယ်ယာဖွံ့ဖြိုး‌ရေးဘဏ် မြို့နယ်ဘဏ်ခွဲမှ ယနေ့ နံနက် ၉ နာရီအချိန်က စလင်းမြို့နယ် ပြည်သူ့အားကစားကွင်းအတွင်း၌ ထုတ်ချေး ပေးလျက်ရှိသည်။

စလင်းမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများ ၂၀၂၀ ပြည့်နှစ် စိုက်ပျိုးစရိတ်ချေး ငွေအဖြစ် ကျေးရွာ အုပ်စုပေါင်း ၇၈ အုပ်စုမှ လူဦးရေ ၁၀၆၈၅ဦးအတွက် ငွေကျပ် ၆၅၇၁၉.၀၀သိန်းနှင့် ကိုဗစ်-၁၉ ရောဂါကာလ အတွင်း အထူးချေးငွေအဖြစ် ကျေးရွာအုပ်စု ၇၈ အုပ်စုမှ လူဦးရေ ၁၀၆၆၆ဦးအတွက် ငွေကျပ် ၂၅၇၈၆.၅၀ သိန်း ကိုထုတ်ချေးပေးလျှက် ရှိကြောင်းနှင့် နောက်ထပ်ကျေးရွာအုပ်စုများကိုလည်း တိုးမြှင့်ထုတ်ချေးပေးသွားမည်ဖြစ် ကြောင်း စလင်းမြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ မန်နေဂျာဦးအောင်ကိုကို ထံမှ သိရှိရသည်။

မောင်လွင်(ပြန်/ဆက်)