ရေဦး ဧပြီ ၁
စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန မြို့နယ်ဆေးရုံကြီးတွင် ယနေ့နံနက် ၉ နာရီမှစ၍ ကိုယ်၀န်ဆောင်မိခင်နှင့် ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိသည်။
ပုံမှန်ကာကွယ်ဆေး ထိုးဆေးတိုက်ခြင်း အစီအစဉ်တွင် "ယခင်နှစ်တွေနဲ့ မတူဘဲထပ်တိုးလာ တာ ၂ မျိုးရှိပါတယ်။ ရိုတာဗိုင်းရပ်စ်ကာကွယ်ဆေးနဲ့ သာအိမ်ခေါင်းကင်ဆာ ကာကွယ်ဆေး ပါ၀င်ပါတယ်၊ မွေးကင်းစကလေးငယ်များအတွက် ဘီစီဂျီ (BCG) ခေါ် ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်နှင့် တီဘီရောဂါကို ကာကွယ်ပေးသည့် ဆေးထိုးနှံရမည်ဖြစ်ပါတယ်။ ဘီစီဂျီကာကွယ်ဆေးကို မွေးစတွင် မထိုးနှံပါကအသက်(၂)လ မတိုင်မီတွင် အခြား ကာကွယ်ဆေးများနှင့် အတူထိုးနှံရမည်။
ဒီနေရာမှာ ပြောချင်တာက ဘီစီဂျီက ပြင်းထန်တီဘီနဲ့ ဦးနှောက်အမြှးရောင်တီဘီကိုပဲ ကာကွယ်ပေးတာပါ။ ဒီဆေးထိုးလိုက်တာနဲ့ တီဘီလုံးဝမဖြစ်တာမဟုတ်ပါဘူး။ အသည်းရောင် အသားဝါ (ဘီ) ဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကို ကာကွယ်ဆေး ပေါင်မှာထိုပေးပါတယ်။ ထိုဆေးကဘီပိုးကြောင့်ဖြစ်တဲ့ အသည်းရောင်အသားဝါရောဂါကိုပဲ ကာကွယ်ပေးတာပါ။ တခြားအကြောင်းကြောင့်ဖြစ်တဲ့ စီပိုးကို မကာကွယ်ပေးပါဘူး၊ အသက် ၂ လသားအရွယ်မှာ BCG (ဘီစီဂျီ) မွေးစမှာ မထိုးရသေးရင်ပြန်ထိုးပါ၊ ပိုလီယိုအစက်ချ (ပထမ) ပိုလီယိုအကြောသေရောဂါကို ကာကွယ်ပေးပါတယ်။ အစက်ချဆေးအမျိုအစား ဖြစ်ပါတယ်၊ ရိုတာဗိုင်းရပ်စ်အစက်ချ (ပထမ)၊ ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါကို ကာကွယ်ပေးပါတယ်၊ အစက်ချဆေး အမျိုးအစားဖြစ်ပါတယ်။ တခြားအကြောင်းကြောင့် (ဥပမာ ရေမသန့်၊ လက်မသန့်လို့) ဖြစ်တဲ့ ဝမ်းလျှောရောဂါကို မကာကွယ်ပေးပါဘူး။ ပီစီဗီ (PCV) (ပထမ) ပြင်းထန်အဆုတ်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။ ငါးမျိုးစပ်ကာကွယ်ဆေး (ပထမ) ဆုံဆို့၊ ကြက်ညှာ၊ မေးခိုင်၊ အသည်းရောင်အသားဝါဘီနဲ့ ဦးနှောက်အမြှေးရောင်ဆိုပြီး ၅ မျိုးပါဝင်ပါတယ်။ ဦးနှောက်အမြှေးရောင်အတွက် ကာကွယ်ဆေး (Hibvaccine) က Haemophilus influenzae ကြောင့်ဖြစ်တဲ့ အဆုတ်ရောင်ရောဂါကိုပါ ထပ်ဆောင်းကာကွယ်ပေးပါတယ်၊ အသက် ၄ လအရွယ်မှာ ပိုလီယိုအစက်ချ (ဒုတိယ)၊ ရိုတာ ဗိုင်းရပ်စ်အစက်ချ (ဒုတိယ)၊ ပီစီဗီ (PCV) (ဒုတိယ)၊ ပိုလီယိုထိုးဆေးပိုလီယို အကြောသေရောဂါ ကိုကာကွယ်ပေးပါတယ်။ တစ်ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုကင်းစင်ပပျောက်ရေးအတွက် ရည်ရွယ်ပြီးထည့်ထားတာပါ။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်၊ အသက် ၆ လအရွယ်တွင် ပိုလီယိုအစက်ချ(တတိယ)၊ ပီစီဗီ (PCV) (တတိယ)၊ ငါးမျိုးစပ်ကာကွယ်ဆေး (တတိယ)၊ အသက် ၉ လအရွယ်ရောက်လျှင်ဝက်သက်-ဂျိုက်သိုးကာကွယ်ဆေး (ပထမ) ထိုးနှံကြရပါမယ်၊ ဝက်သက်ရောဂါနဲ့ ဂျိုက်သိုးရောဂါကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။ ဂျပန်ဦးနှောက်အမြှေးရောင်ရောဂါ၊ ခြင်ကိုက်ရာကနေကူးတဲ့ ဂျပန်ဦးနှောက်ရောင်ရောဂါကို ကာကွယ်ပေးပါတယ်။ ထိုးဆေးအမျိုးအစားဖြစ်ပါတယ်။ အသက် တစ်နှစ်ခွဲအရွယ်ရောက်လျှင် ဝက်သက်-ဂျိုက်သိုး (ဒုတိယ) ငါးမျိုးစပ်ကာကွယ်ဆေး (စတုတ္ထ) အကြိမ် ထိုးနှံကြရမည် ဖြစ်ပါတယ်" ဟု ပြည်သု့ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးမှုးအဆင့်(၁)ကပြောသည်။
ထို့ပြင် ကိုယ်ဝန်ဆောင်မိခင်နှင့် မွေးဖွားလာမည့်ရင်သွေးငယ်ကို ကာကွယ်ရန်အတွက် ကိုယ်ဝန်ဆောင်စဉ် မေးခိုင်နှင့်ဆုံဆို့ နှစ်မျိုးစပ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံကြဖို့ အရေးကြီး ပါတယ်၊ ကာကွယ်ဆေး အကြိမ်ပြည့်ရရှိရန် မိဘ၊ အုပ်ထိန်းသူများက ကလေးငယ်များအား ကာကွယ်ဆေးထိုးစုရပ်များသို့ မပျက်မကွက် ခေါ်ဆောင်လာရပါမည်။ ကလေးများ၏ ကာကွယ်ဆေး ထိုးနှံထားခြင်းအခြေအနေကို မှတ်တမ်းတင်ထားသည့် ကာကွယ်ဆေးထိုး မှတ်တမ်းကတ်ပြားများကို မပျောက်ပျက်အောင် သေချာစွာထိန်းသိမ်းထားပြီး ကလေးကို ကာကွယ်ဆေးထိုးနှံရန် ခေါ်ဆောင်လာတိုင်း ယူဆောင်လာရပါမည် ဖြစ်ကြောင်း၊ ယခုလ ပုံမှန်ကာကွယ်ဆေးထိုးအစီအစဉ်တွင် ကာကွယ်ဆေးလာရောက်ထိုးနှံသောတန့်ဆည်၊ ဒီပဲယင်း၊ ခင်ဦး၊ ရေဦးမြို့နယ်များမှ မိခင်နှင့်ကလေးစုစုပေါင်း ၆၀၀ ခန့်လာ ရောက်ဆေးထိုးနှံခဲ့ကြ ကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)