ကျောက်ကြီးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၃)ခုတွင် အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဖြေဆို

ကျောက်ကြီး  ဧပြီ  

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာ ဘာသာရပ်အား ယနေ့နံနက် နာရီတွင် စာစစ်ဌာန()ခု ဖြေဆိုရန်စာရင်းရှိ ၉၄၃ ဦး ရှိပြီး ဝင်ရောက်ဖြေဆိုသူဦးရေမှာ ကျား ၃၀၉ ဦး၊ ၅၆ ဦး  စုစုပေါင်း ကျောင်းသားကျောင်းသူ ၈၇၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်သူဦးရေ ကျား ၂၇ ဦး ၄၄ ဦး စုစုပေါင်း ၇၁ ဦးရှိကြောင်းနှင့် ဖြေဆိုမှု ရာခိုင်နှုန်း ၉၂ ဒသမ ၄၇ ရာခိုင်နှုန်း အေးချမ်းစွာဖြေဆိုလျှက်ရှိကြောင်း သိရသည်။

 ကျောက်ကြီးမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကျင်းပနေသည့် စာစစ်ဌာန()ခုတွင် ကျောင်းသားကျောင်းသူများ စာမေးပွဲဖြေဆို နေစဉ်ကာလအတွင်း စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ နယ်မြေခံတပ်မတော်သားများ၊ ပြည်သူ့စစ်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးအဖွဲ့နှင့် လူမှုရေးအသင်းအဖွဲ့များ၊ နယ်မြေရပ်ကွက်အုပ်ချုပ်ရေးမှူးများက ယာဉ်အန္တရာယ်ကင်း ဝေးစေရန် ယာဉ်လမ်းရှင်းလင်းရေး လုပ်ငန်းများ၊ ဆူညံသံများ မဖြစ်ပွားစေရေး၊ မီးဘေးလုံခြုံရေးနှင့် ခိုက်ရန်ဖြစ်ပွားမှုများ မဖြစ်ပေါ်စေရေးအတွက် အပြင်စည်း  လုံခြုံရေးတာဝန်များ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျှက်ရှိပြီး တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို ကျောင်းသား ကျောင်းသူများ အေးချမ်းစွာဖြင့် ဖြေဆိုနိုင်ရန် စီမံဆောင်ရွက်ထားကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးက သိရသည်။

မြို့နယ် (ပြန်/ဆက်)