ဝေါမြို့နယ်၊ မြစ်ကျိုးလမ်းဆုံရှိ အဖွဲ့စုံစစ်ဆေးရေးဂိတ်တွင် ခရီးသွားပြည်သူများအား နိုင်ငံသားကတ်(မှတ်ပုံတင်)များ စတင်စစ်ဆေး

ဝေါ ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ဝေါမြို့နယ်အတွင်းရှိ မြစ်ကျိုးလမ်းဆုံ အဖွဲ့စုံစစ်ဆေးရေး ဂိတ်တွင် ယနေ့နံနက် ၆နာရီမှ စတင်၍ နိုင်ငံသား(မှတ်ပုံတင်)မပါရှိပဲ ခရီးသွားလာခြင်းကို ခွင့်မပြုတော့သဖြင့် ခရီးသွားပြည်သူများအားလုံး နိုင်ငံသား(မှတ်ပုံတင်)ကတ်ပြားများ ပါ၊မပါ စတင်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ စစ်ဆေးရာတွင် ဝေါမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဝင်းမော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်လူဝန်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးရဲထွန်းမြင့်နှင့် တာဝန်ရှိသူများ မြစ်ကျိုးလမ်းဆုံ စစ်ဆေးရေးဂိတ်သို့ ဝင်ရောက်လာသည့် ခရီးသည်များ အားလုံးယာဉ်ပေါ်မှ မိမိတို့၏ နိုင်ငံသားမှတ်ပုံတင်များကို ပြသစေပြီး၊ ဘယ်သွားသွား နိုင်ငံသား(မှတ်ပုံတင်)ကတ် ယူဆောင်သွားဖို့ မမေ့ကြရန် ခရီးသွား ပြည်သူများအား  မှာကြား၊ စစ်ဆေးလျက်ရှိကြောင်း သိရသည်။

စိုးမိုး