အုတ်တွင်း ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီမှ စတင်ဖြေဆိုရာ ယနေ့တွင် ဒုတိယနေ့ ဆက်လက် ဖြေဆိုရာကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ နှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား၊ သူများ အေးချမ်းစွာ ဖြေဆိုလျက် ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို စာစစ်ဌာန (၆)ခု တွင် ကျောင်းသား၊ ကျောင်းသူ(၈၁၅)ဦးနှင့် ပြင်ပဖြေ ကျောင်းသား၊ ကျောင်းသူ (၄၃၉) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၂၅၄) ဦးရှိပြီး ဒုတိယနေ့ ဖြေဆိုသူကျောင်းသား(၄၇၀)ဦး၊ ကျောင်းသူ(၆၀၅)ဦး၊ ဝင်ရောက် ဖြေဆိုလျက်ရှိပြီး၊ ပျက်ကွက်သူ ကျောင်းသား(၈၆)ဦး၊ ကျောင်းသူ(၉၃)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၁၇၉)ဦး ရှိပါကြောင်း တစ်ရက်လျှင် တစ်ဘာသာဖြင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့ အထိ စစ်ဆေးဖြေ ဆို ကြမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အေးချမ်း သာယာချောမွေ့စွာနှင့် အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ကြီးကြပ် ရေးမှူး/လက်ထောက်ကြီးကြပ်ရေးမှူးများက ကြီးကြပ်လျက်ရှိပြီး ကျောင်းအတွင်း၊ အပြင်လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူ များ၏ လုံခြုံရေးအားမြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ် တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေး အသင်းအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခင်ခင်မာ