ပြည်ကြီးမဏ္ဍိုင် ဧပြီ ၁
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုဝင် စာမေးပွဲအား ပြည်ကြီးမဏ္ဍိုင် စာစစ်ဌာနတွင် ယနေ့တွင် အင်္ဂလိပ်စာ ဘာသာအား ကိုဗစ်-၁၉ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ဆက်လက်ဖြေဆိုကြကြောင်းသိရသည်။
အဆိုပါစာမေးပွဲဖြေဆိုရာတွင် အ.ထ.က (ပြည်ကြီးမဏ္ဍိုင်)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၂၄) ဦး၊အ.ထ.က(ခွဲ)(တောင်ငယ်)ကျောင်းမှ ကျောင်းသား/ကျောင်းသူ(၁၄)ဦး၊ အ.ထ.က(ခွဲ)(ရွှေဂဲညို) ကျောင်းမှ ကျောင်းသား/ကျောင်းသူ (၁၃)ဦးနှင့် အပြင်ဖြေကျောင်းသား/ကျောင်းသူ(၁၉) ဦးပေါင်း (၇၀)ဦးလာရောက် ဖြေဆိုကျရာ ဖြေဆိုရန်ပျက်ကွက်သူကျောင်းသား/ကျောင်းသူ(၁၀)ဦး ပျက်ကွက် ခဲ့ကြောင်းပြည်ကြီးမဏ္ဍိုင် မြို့ကျောင်းအုပ်ဆရာမကြီးထံမှသိရသည်။
စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူများ စိတ်အေးချမ်းသာစွာဖြေဆိုနိုင်ရေးအတွက်ဌာန ဆိုင်ရာတာဝန်ရှိသူများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ် ရေး မှူးများနှင့်ကျောင်းအကျိုးတော်ဆောင်အဖွဲ့ဝင်များကစာစစ်ဌာနအပြင်စည်းမှလုံခြုံရေးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကေခိုင်ဝင်း(ပြန်/ဆက်)