အင်္ဂပူ ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ အင်္ဂပူမြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဖြေဆိုလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ အေးချမ်စွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက သွားရောက်ကြီးကြပ်ခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်မိုးနှင့် မြို့နယ်ပညာရေးမှူး ဦးလှထွဋ်တို့မှ မြို့နယ်အတွင်းရှိ စာစစ်ဌာနများသို့ သွားရောက်ပြီး တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများအား ကိုယ်အပူချိန်တိုင်းခြင်း၊ နှာခေါင်းစည်များဝေငှခြင်း၊ ကျန်းမာရေးနှင့် လုံခြုံရေးအခြေအနေများကို စောင့်ကြပ်ကြည့်ရှုပေးခဲ့ကြသည်။
အင်္ဂပူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၇)ခုတို့တွင် ယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဖြေဆိုသူ ကျား (၆၄၄)ဦး၊ မ(၈၂၅)ဦး စုစုပေါင်း (၁၄၆၉)ဦး ဝင်ရောက်ဖြေဆိုခဲ့ပြီး ဖြေဆိုမှုရာခိုင်နှုန်း (၉၃.၈၇) ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မန်းကျော် (အင်္ဂပူ ပြန်/ဆက်)