ထားဝယ် ဧပြီ ၁
ထားဝယ်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ရှိတာဝန်ထမ်းဆောင်နေသော ဝန်ထမ်းသစ်များ အရည်အချင်းမြှင့်တင်ရေးစာမေးပွဲကို ယနေ့နံနက်ပိုင်းက လူထုအခြေပြုဗဟိုဌာန၊ Community Centre ခန်းမ၌ ကျင်းပသည်။
စာမေးပွဲတွင် ခရိုင်ပြန်ကြားရေးနှင့်ပြန်သူ့ဆက်ဆံရေးဦးစီးဌာနမှူး၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်မာဖြူက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် လိုအပ်လျက်ရှိသော ကျွမ်းကျင် သည့် ဝန်ထမ်းများ စဉ်ဆက်မပြတ် ပေါ်ထွန်းလာစေရေးအတွက် ပြုစုပျိုးထောင် လေ့ကျင့်မွေးထုတ် ပေးရန်တာဝန်ရှိသကဲ့သို့ လက်ရှိတာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများအပေါ်တွင် အဓိကကျ ပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း မိမိတို့၏သက်ဆိုင်ရာပညာရပ်ကဏ္ဍအလိုက် လုပ်ငန်းကျွမ်းကျင်တတ်မြောက်စေရန်၊ မိမိကိုယ်မိမိယုံကြည်မှုရှိစေရန်နှင့် ဝန်ထမ်းများအချင်းချင်း အမြင်ချင်း ဖလှယ်ခြင်းများရှိစေရန်နှင့် အချိန်နှင့်တစ်ပြေးညီ မိမိကိုယ်ကို အရည်အသွေးတိုးတက်အောင် ကြိုးစား နေကြရမည်ဖြစ်ပါကြောင်း၊ ဝန်ထမ်းအချင်းချင်းမျှဝေဖလှယ်ခြင်းဖြင့် မိမိတို့၏အရည်အသွေးများ ပိုမိုတိုးတက်လာမည်ဖြစ်ပါကြောင်း၊ မိမိ၏စံနှုန်းများကို တိုးတက်နေအောင် အမြဲကြိုးစားလေ့လာခြင်း အားဖြင့် နိုင်ငံနှင့်ဝန်ကြီးဌာန၏ကောင်းကျိုးအတွက် အစဉ်အမြဲ ဝိုင်းဝန်းကြိုးစားဆောင်ရွက်နေကြရ မည်ဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် ဝန်ထမ်းသစ်များအရည်အချင်းမြှင့်တင်ရေးစာမေးပွဲဖြေဆိုကြရာ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်ခင်မာဖြူနှင့် တာဝန်ရှိသူများက ကြီးကြပ်ဆောင်ရွက်ခဲ့ကြောင်း သတင်းရရှိသည်။
ရွှေပင်လယ်(ထားဝယ်)