ကန့်ဘလူမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ဒုတိယနေ့ ဆက်လက်ဖြေဆို

ကန့်ဘလူ ဧပြီ ၁

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်ကို ဧပြီ ၁ ရက်နံနက် ၉ နာရီက သက်ဆိုင်ရာ စာစစ်ဌာနများအလိုက် ဖြေဆို လျက်ရှိကြောင်း သိရသည်။

ကန့်ဘလူမြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ စာစစ်ဌာန( ၅) ခုရှိပြီး ဒုတိယနေ့၌ အထက(၁) ကန့်ဘလူ စာစစ်ဌာန-၁ တွင် ကျောင်းသား ၃၂၂ ဦး၊ ကျောင်းသူ ၄၄၇ ဦး၊ အထက( ၁) ကန့်ဘလူစာစစ်ဌာန-၂ (ချပ်သင်း)တွင် ကျောင်းသား ၂၈ ဦး၊ ကျောင်းသူ ၄၄ ဦး၊ အထက ထန်းကုန်း စာစစ်ဌာနတွင် ကျောင်းသား ၈၂ ဦး၊ ကျောင်းသူ ၁၄၀ ဦး၊ အထက ဇီးကုန်း စာစစ်ဌာနတွင် ကျောင်းသား ၃၆ ဦး၊ ကျောင်းသူ ၅၉ ဦးနှင့် အထက ကာဘိုးစာစစ်ဌာနတွင် ကျောင်းသား ၇၁ ဦး၊ ကျောင်းသူ ၇၁ ဦး စုစုပေါင်း ၁၃၀၀ ဦးဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြို့နယ်အတွင်း တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရန်စာရင်းပေးသွင်းထားသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၁၄၈၇ ဦး ရှိရာ ယနေ့တွင် ဖြေဆိုမှုရာခိုင်နှုန်းအနေဖြင့် ၈၇ ဒသမ ၄၂ ရှိကြောင်းနှင့် သက်ဆိုင်ရာစာစစ် ဌာနများအလိုက် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေး တာဝန်ရှိသူများကကြီးကြပ်ဆောင်ရွက် လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အောင်ဝင်းငြိမ်း(ကန့်ဘလူ)