မိုးညို ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ယနေ့နံနက် ၉ နာရီကစာစစ်ဌာန (၅)ခု တွင် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
ထိုသို့ အင်္ဂလိပ်စာဘာသာရပ်အား ဆက်လက်ဖြေဆိုရာ အထက-မိုးညိုတွင် ကျောင်းသား ကျောင်းသူ (၁၈၄)ဦး၊ အထက-ထိန်တောတွင် ကျောင်းသား၊ ကျောင်းသူ(၁၁၂)ဦး၊ အထက-ရေကင်းတွင် ကျောင်းသား၊ ကျောင်းသူ(၁၁၂)ဦး၊ အထက-ပတ္တော်တွင် ကျောင်းသား၊ကျောင်းသူ(၁၁၄)ဦး၊ အထက-ဆင်မနိုင်တွင် ကျောင်းသား၊ကျောင်းသူ (၈၇)ဦး၊ စုစုပေါင်း ဝင်ရောက်ဖြေဆိုသူ (၆၀၉) ဦးရှိပြီး အင်္ဂလိပ်စာဘာသာရပ်အား ဖြေဆိုမှုရာခိုင်နှုန်း ၈၉. ၃ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲအား ကိုဗစ်-၁၉ဆိုင်ရာ ကျန်းမာရေးစည်းကမ်းချက်များနှင့်အညီ ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးနှင့် အခက်အခဲမရှိစေရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဝိုင်းဝန်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုမင်း