ပန်းတောင်း ဧပြီ ၁
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင် ပန်းတောင်းမြို့နယ် ပြည်သူ့စစ်(ဌာနေ) ထောက်ပံ့ရေးပစ္စည်းများ ပေးအပ်ပွဲအခမ်းအနားကို အမှတ်(၉၂) ခြေလျင်တပ်ရင်း နဝဒေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါပေးအပ်ပွဲသို့ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ပြည်) ဒကစမှူး ဗိုလ်ချုပ်အောင်နိုင်ဦး တက်ရောက်အမှာစကား ပြောကြားခဲ့ပြီး ဌာနေပြည်သူ့စစ်များနှင့် ရင်းရင်းနှီးနှီး နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။
ထိုသို့ ထောက်ပံ့ရေးပစ္စည်းများကို ဒကစမှူး ဗိုလ်ချုပ်အောင်နိုင်ဦးမှ ဌာနေပြည်သူ့ စစ်ခေါင်းဆောင် ဦးမြင့်ဦးထံသို့ ပေးအပ်ခဲ့ကြောင်း သိရသည်။
သင်းသင်းအေး