ဘိုကလေး ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဒုတိယနေ့အဖြစ် အင်္ဂလိပ်စာဘာသာရပ်အား စာစစ်ဌာန(၁၀)ခုဖြင့် ယနေ့နံနက်(၉)နာရီမှ စတင်၍ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုခဲ့ကြသည်။
ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေးနှင့် စာမေးပွဲအား အဆင်ပြေချောမွေ့စွာ ကျင်းပနိုင်ရေးအတွက် စာစစ်ဌာနပြင်ပများ၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်ပညာရေးမှူး အပါအဝင် မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ မီးသတ်တပ်ဖွဲ့များနှင့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များမှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိသည်။
ယနေ့ဖြေဆိုသည့် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဒုတိယနေ့ အင်္ဂလိပ်စာဘာသာရပ်အား ဘိုကလေးမြို့နယ်အနေဖြင့် ဝင်ရောက်ဖြေဆိုသူ ကျောင်းတွင်းဖြေ (၁၁၄၂)ဦးနှင့် ကျောင်းပြင်ပဖြေ (၆၉၂)ဦး၊ စုစုပေါင်း (၁၈၃၄)ဦးရှိပြီး ရာခိုင်နှုန်းအားဖြင့် ဝင်ရောက်ဖြေဆိုရမည့် စာရင်းရှ ိကျောင်းသား/သူဦးရေ၏ (၉၀) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြပြီး (၁၀)ရာခိုင်နှုန်း ဖြေဆိုမှုပျက်ကွက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မိုးစက်