ပန်းတောင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံ

ပန်းတောင်း ဧပြီ ၁

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ဒုတိယအကြိမ် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးရန် ကျန်သူများအား ဆက်လက်ထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက ဆေးထိုးစုရပ်(၂)နေရာတွင်  ဆက်လက်ထိုးနှံပေးခဲ့ရာ ဒေသခံ ပြည်သူများ ကာကွယ်ဆေးလာရောက်ထိုးနှံခဲ့ကြောင်း ပန်းတောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှ သိရသည်။

 အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ်ထိုးရန်သူများအား မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဆေးထိုးစုရပ်(၂)နေရာဖြစ်သည့် မကြီးထုံး အုပ်စု (အုပ်ချုပ်ရေးမှူးရုံး)၊တောင်ဘွေအုပ်စု (ဘက်စုံသုံးခန်မ)တို့တွင် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးဝန်ထမ်းများက စနစ်တကျ ထိုးနှံ ဆောင်ရွက်ပေးနေကြောင်းသိရကာ ကာကွယ်ဆေး လာရောက်ထိုးနှံသူများ စိတ်အေးချမ်းစွာ ထိုးနှံနိုင်ရေးအတွက် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် စေတနာ့ဝန်ထမ်း(Volunteer) အဖွဲ့ဝင်များက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးလျက် ရှိကြောင်းနှင့် ယနေ့ ဆေးထိုးစုရပ်(၂)နေရာတို့တွင် ထိုးနှံသွားမည်ဖြစ်ကြောင်း သိရသည်။

ပန်း​တောင်း​မြို့နယ်တွင် ပြည်သူများ ကိုဗစ်-၁၉ ရောဂါအန္တရာယ်ကင်းဝေးစေရန်နှင့် ကူးစက်ပျံ့ပွားမှု လျော့နည်းပ ပျောက်စေရေးအတွက်  ကာကွယ်ဆေးမထိုးနှံရသေး သူများအား ဦးစားပေးအုပ်စုအလိုက် ကာကွယ်ဆေး စနစ်တကျ ထိုးနှံပေးလျက်ရှိပြီး သက်ဆိုင်ရာဆေးထိုးစုရပ်များတွင် ဒေသခံပြည်သူများက  စိတ်အားထက်သန်စွာ ကာကွယ်ဆေးများ လာရောက်ထိုးနှံကြကြောင်းလည်း သိရသည်။   ထိုးနှံပေးရန် ကျန်ရှိသူများကိုလည်း ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း သိရသည်။ 

သင်းသင်းအေး