ကန်ကြီးထောင့် ဧပြီ ၁
ဧရာဝတီတိုင်းဒေသကြီး၊ ကန်ကြီးထောင့်မြို့နယ်အတွင်းရှိ စာစစ်ဌာန ၉ ခု၌ တက္ကသိုလ်ဝင် စာမေးပွဲများကို မတ်လ ၃၁ ရက်နေ့မှစ၍ ကျင်းပလျက်ရှိရာ ဒုတိယနေ့အဖြစ် အင်္ဂလိပ်စာ ဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူ (၁၄၃၉) ဦး အေးချမ်းစွာဖြင့် ဖြေဆိုလျက် ရှိကြောင်းသိရသည်။
ကန်ကြီးထောင့်မြို့နယ်အတွင်း၌ တက္ကသိုလ်ဝင် စာမေးပွဲ ဝင်ရောက်ဖြေဆိုရန် စာရင်း ပေးသွင်းထားသည့် ကျောင်းသား၊ ကျောင်းသူ (၁၅၇၇)ဦး ရှိသည့်အနက်မှ စာမေးပွဲစတင် ဖြေဆိုသည့်နေ့တွင် (၁၄၄၀) ဦးဝင်ရောက်ဖြေဆိုခဲ့ပြီး ယနေ့ဖြေဆိုသည့် အင်္ဂလိပ် စာဘာရပ်တွင် (၁၄၃၉) ဦးဖြေဆိုခဲ့ကာ ဒါးကစာစစ်ဌာနမှ ဖြေဆိုသူ ၁ ဦး ပျက်ကွက် ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
၂၀၂၁-၂၀၂၂ ခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများအား အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နှင့်ကျေးရွာ အုပ်ချုပ်ရေးမှူးများက လုံခြုံရေးများ ဆောက်ရွက် ထားရှိပေးသကဲ့သို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနကလည်း ကျန်းမာရေး စောင့်ရှောက်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။
လှမင်းထွဋ်(ပြန်/ဆက်)