သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ လေ‌ဘေးသင့်အိမ်ထောင်စုများအား ထောက်ပံ့ရေး ပစ္စည်းများ ပေးအပ်

သာပေါင်း  ဧပြီ ၁

သာပေါင်းမြို့နယ်၊ စစ်ပင်ကြီးကျေးရွာအုပ်စု၊ ကျားရဲကျေးရွာအုပ်စု၊ ကျုံဒဒွန်းကျေးရွာအုပ်စု၊ ဒါးကညောင်ကုန်း ကျေးရွာအုပ်စုများတွင် မတ်လ ၂၂/၂၃ ရက်နေ့များ၌ အားကောင်းသော မုန်တိုင်း၏ မိုးသက်လေပြင်းတိုက်ခတ်ခဲ့မှုကြောင့် နေအိမ်ပြိုကျပျက်စီး()လုံး၊ နေအိမ်အမိုးလန် ()လုံး ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရသည့် မိသားစုအတွက် ယမန်နေ့နံနက် ၁၀ နာရီ အချိန်တွင် ပြည်အေးခန်းမ၌ မြို့နယ်ကြက်ခြေနီအသင်းခွဲမှ ထောက်ပံ့ပစ္စည်းများကို ပျက်စီးဆုံးရှုံးခံရသူ များ၏ သက်ဆိုင်ရာ ကျေးရွာအုပ်ချုပ်ရေးမှူးများထံသို့ ပေးအပ်ခဲ့ကြသည်။

ထိုသို့ လေဘေးသင့်ပြည်သူများအား နေအိမ်ပြိုကျပျက်စီး အိမ်ထောင်တစ်စုလျှင် Hygiene Kit (မိသားစုသုံး ပစ္စည်းအမျိုး(၂၀)ပါ တစ်ပုံးနှင့် ရေ(၂၀)လီတာဝင်ဆန့် ကော်ပုံးတစ်ပုံး၊ နေအိမ် အမိုးလန်ကျပျက်စီး အိမ်ထောင်တစ်စုလျှင် အမိုးအကာအသုံးပြု တာပေါ်လင်စအကြီး တစ်အုပ် တို့ကို နေအိမ်ပြိုကျပျက်စီး()လုံး၊ နေအိမ်အမိုးလန်()လုံး ပျက်စီးထိခိုက်ဆုံးရှုံးခဲ့ရသည့် မိသားစု အတွက် မြို့နယ်ကြက်ခြေနီအသင်းခွဲဥက္ကဋ္ဌဦးကိုနိုင်နှင့် တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာ ကျေးရွာ အုပ်ချုပ်ရေးမှူးများထံသို့ ထောက်ပံ့ပေးအပ်ခဲ့ကြသည်။

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် အလှူရှင်များ၏ ပံ့ပိုးကူညီမှုဖြင့် ဘေးအန္တရာယ် အမျိုးမျိုး ကြောင့် ထိခိုက်ခံစားရသူများအား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးခြင်း ဖြစ်ပြီး သာပေါင်းမြို့နယ် ကြက်ခြေနီအသင်းခွဲမှ တာဝန်ယူကာ ပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)