နတ်မောက် ဧပြီ ၁
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှိ ဝန်ထမ်းများ၊ Youth Club နှင့်ပူးပေါင်း၍ စာရေးဆရာ အရှင်ဝရဗုဒ္ဓိ(ဓမ္မခရီးဖော်) ရေးသားသည့် ရေးသားသည့် “စိတ်နှလုံးအေးချမ်းပါစေ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန် နေ့နံနက် (၁၀) နာရီအချိန်ခန့်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က လူငယ်များအနေဖြင့် နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ် စေရန်နှင့် စာပေဖတ်ရှု့ခြင်းဖြင့် အသိပညာ ဗဟုသုတဖွံဖြိုးတိုးတက်စေရန် ရည်ရွယ်၍ စာဖတ်ဝိုင်း ပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီဌာန ဦးစီးအရာရှိ ဒေါ်ဥမ္မာခင်က အရှင်ဝရဗုဒ္ဓိ (ဓမ္မခရီးဖော်) ရေးသားသည့် “စိတ်နှလုံးအေးချမ်းပါစေ” စာအုပ်ထဲမှ “အလုပ်ဟူသမျှ ဂုဏ်ရှိစွ” ခေါင်းစဉ်ကို ဖတ်ရှုဆွေးနွေးခဲ့ပြီး၊ တက်ရောက်လာသော Youth Club လူငယ်များက စာအုပ်အကြောင်းအရာပါကို ခေါင်းစဉ်အသီးသီးဖြင့် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
သင်းသင်းမြတ်