နတ်မောက်မြို့ ဗိုလ်တေဇ အားကစားကွင်း၌ ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်စေရန် နွေရာသီ အားကစား သင်တန်းဖွင့်လှစ်

နတ်မောက် မတ် ၃၁

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနက ဦးဆောင်ကြီးကြပ်၍ ကျောင်းသား/သူ လူငယ်များ ကျန်းမာကြံ့ခိုင်စေရန် နွေရာသီ အားကစားသင်တန်းများကို ယမန်နေ့ နံနက်ပိုင်းက နတ်မောက်မြို့ ဗိုလ်တေဇ အားကစားကွင်းတွင် ဖွင့်လှစ်ကျင်းပခဲ့သည်။

အဆိုပါ အားကစားသင်တန်းတွင် မြို့နယ်အားကစားမှူး ဦးခင်မောင်သွင်က လူငယ်လူရွယ်များနှင့် ကျောင်းသား/သူများ နွေရာသီကျောင်း အားလပ်အချိန်များတွင် အားကစားကို အကျိုးရှိစွာ အသုံးချတက်ခြင်း၊ အားကစားအပေါ် စိတ်ပါဝင်စားလာစေခြင်း၊ မျိုးဆက်သစ် အားကစားကောင်းလေးများ ပေါ်ထွက်လာစေခြင်း၊ အားကစားနည်းအလိုက် အခြေခံနည်းစနစ်များအား စနစ်တကျ တတ်မြောက်စေရန်၊ တစ်မျိုးသားလုံး ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန် ရည်ရွယ်၍ အားကစားသင်တန်းကို ဖွင့်လှစ်သင်ကြား ပေးခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ နွေရာသီသင်တန်းတွင် ဖူဆယ်၊ ပြေခုန်ပစ်၊ ပိုက်ကျော်ခြင်းနှင့် ရိုးရာခြင်းစသည့် အားကစားနည်းသင်တန်းများကို ကျောင်းသား/သူ(၉၀)ဦး တက်ရောက်ပြီး သင်တန်းနည်းပြ ဆရာ/()တို့က(၁၀)ရက်ကြား အားကစားနည်းအလိုက် ဖွင့်လှစ်သင်ကြား ပေးလျက် ရှိကြောင်းသိရသည်။

လှဝင်း (မြို့နယ်ပြန်/ဆက်)