နတ်တလင်း မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၅)ခုဖြင့် ဖွင့်လှစ်ထားရှိရာ ယမန်နေ့နံနက် ၉ နာရီအချိန်က အေးချမ်းစွာစတင်ဖြေဆို ကျင်းပခဲ့သည်။
နတ်တလင်းမြို့နယ်တွင် အ.ထ.က နတ်တလင်း စာစစ်ဌာန၊ အ.ထ.ကတာပွန် စာစစ်ဌာန၊ အ.ထ.ကဒမငယ် စာစစ်ဌာန၊အ.ထ.က အောင်ဇေယျာစာစစ်ဌာန၊ အ.ထ.က ကရင်ကုန်းစာစစ်ဌာနတို့ဖြင့် ၅ ခုထားရှိပြီး ဝင်ရောက်ဖြေဆိုမည့်ကျောင်းသား ကျောင်းသူ (၆၅၉) ဦးရေအနက်မှ ယနေ့မြန်မာစာဘာသာရပ်တွင် ဖြေဆိုသူ (၆၀၈)ဦး၊ ပျက်ကွက်(၅၁)ဦးရှိရာ တစ်မြို့နယ်လုံး အတိုင်း အတာဖြင့် ၉၂ ဒသမ ၂၆ ရာခိုင်နှုန်းဖြေဆိုကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသော ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဦးဆောင်ပြီး၊ မြို့နယ်ပညာရေးဌာနနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာ အဖွဲ့အစည်းများက လုံခြုံရေးအထူးကြပ်မတ် ဆောင်ရွက် ပေးခဲ့ကြောင်း၊ အရေးပေါ် ကျန်းမာရေး အခြေအနေဖြစ်ပေါ်လာပါက အလွယ်တကူ အဆင်သင့်ဖြေဆိုနိုင်ရန် အရန်ကျောင်းသား/ ကျောင်းသူများ ဝင်ရောက်ဖြေဆို ပေးနိုင်ရန် စီစဉ်ထားရှိခဲ့ကြောင်း သိရသည်။
ဝေယံဖြိုး