အောင်လံ မတ် ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ အောင်လံမြို့နယ်၌ ၂၀၂၁-၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့နံနက် ၉ နာရီက အခြေခံပညာ အထက်တန်းကျောင်း စာစစ်ဌာန(၈)နေရာ၌ စတင်ကျင်းပရာ ကျောင်းသား /ကျောင်းသူ စုစုပေါင်း(၁၀၈၈)ဦးရှိ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အောင်လံမြို့နယ်တွင် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား/ကျောင်းသူများ၏ လုံခြုံရေး၊ ကျန်းမာရေးနှင့် အခြားလိုအပ်ချက်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူး ဦးချစ်လွင်၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရဲတပ်ဖွဲ့ဝင်များ၊ သန္ဓေနှင့် အရန်မီးသတ် တပ်ဖွဲ့ဝင်များ၊ စာမေးပွဲကြီးကြပ်ရေး ကော်မတီများ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်းအဖွဲ့များက လိုအပ်သည်များကို ကူညီပံ့ပိုးပေးလျက်ရှိပြီး အောင်လံမြို့နယ်၌ စာစစ်ဌာ(၈)ခုတွင် စာရင်းရှိ (၁၁၈၂)ဦးအနက် (၁၀၈၈)ဦး ဝင်ရောက်ဖြေဆိုပြီး (၉၄)ဦး ပျက်ကွက်သဖြင့် ဖြေဆိုမှု ရာခိုင်နှုန်းမှာ (၉၂.၀၅)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မျိုးသိန်း(ပြန်/ဆက်)