မြန်အောင် မတ် ၃၁
၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့နယ် အတွင်းရှိ စာစစ်ဌာန (၉)ခု၌ မြန်မာစာဘာသာ အေးချမ်းပျော်ရွှင်စွာ စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မြန်အောင်မြို့နယ်အတွင်း ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁) မြန်အောင်၊ အ.ထ.က(၂) နေခြည်မြန်အောင်၊ အ.ထ.က ကနောင်၊ အ.ထ.က သပြေကုန်း၊ အ.ထ.က အင်ပင်၊ အ.ထ.က တာခွ၊ အ.ထ.က ဇလုပ်မ ၊ အ.ထ.က လက်ပံကွင်းနှင့် အ.ထ.က ရွှေကျင် စာစစ်ဌာန(၉)ခု တို့တွင် ကျင်းပပြုလုပ်သွားမှာဖြစ်ကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် တာဝန်ရှိသူများက သက်ဆိုင်ရာစာစစ်ဌာနများ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ဝင်းဗိုလ်