လပွတ္တာ မတ် ၃၁
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုကြသည့် လပွတ္တာမြို့နယ်မှ ကျောင်းသား၊ ကျောင်းသူများသည် မြို့ပေါ်စာစစ်ဌာန (၃)ခုနှင့် နယ်စာစစ်ဋ္ဌာန (၆)ခု စုစုပေါင်း (၉) ခုတို့တွင် မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီ အချိန်မှစ၍ မြန်မာစာဘာသာရပ်အား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုကြသည်။
၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် လပွတ္တာမြို့နယ်မှ ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထား သော ကျောင်းသား၊ ကျောင်းသူပေါင်း (၁၂၂၀)ဦးရှိသည့်အနက် (၁၁၂၃)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီး ဖြေဆိုသူ (၉၂.၀၅) ရာခိုင်နှုန်းရှိသည်။ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
လပွတ္တာခရိုင် ပြန်/ဆက်