အုတ်တွင်း မတ် ၃၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/ သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို စာစစ်ဌာန (၆)ခု တွင် ကျောင်းသား၊ ကျောင်း သူ(၈၁၅)ဦး နှင့် ပြင်ပဖြေ ကျောင်းသား ၊ ကျောင်းသူ (၄၃၉) ဦး၊ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ(၁၂၅၄) ဦးရှိပြီး ယနေ့ ဖြေဆိုသူကျောင်းသား(၄၇၀)ဦး၊ ကျောင်းသူ(၆၀၈)ဦး၊ ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက်သူကျောင်းသား(၈၆)ဦး၊ ကျောင်းသူ(၉၀)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၁၇၆)ဦးရှိပါကြောင်း တစ်ရက်လျှင် တစ်ဘာသာဖြင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ စစ်ဆေးဖြေဆိုကြမည်ဖြစ်ကြောင်း၊ တက္ကသိုလ်ဝင်တန်း စာ မေးပွဲကို အေးချမ်းသာယာချောမွေ့စွာနှင့် အောင်မြင်စွာဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူး/ လက်ထောက်ကြီးကြပ်ရေးမှူးများက ကြီးကြပ်လျက်ရှိပြီး ကျောင်းအတွင်း၊ အပြင်လုံခြုံရေး၊ ကျောင်းသား၊ ကျောင်းသူများလုံခြုံရေးအား မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအသင်းအဖွဲ့များက ပူးပေါင်းပါဝင်ဆောင်ရွက်ပေးလျက်ရှိပါကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
ခင်ခင်မာ (ပြန်/ဆက်)