လေးမျက်နှာမြို့နယ်တွင် အခြေခံပညာ အထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ စတင်ဖြေဆို

လေးမျက်နှာ မတ်လ ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီး တွင် ယနေ့ နံနက်ပိုင်းမှ စတင်ကာ အခြေခံပညာ အထက်တန်းအဆင့် တက္ကသိုလ်ဝင်စာမေးပွဲ (မြန်မာစာ)  ဖြေဆိုလျက်ရှိသည်။

လေးမျက်နှာမြို့နယ်တွင် စာစစ်ဌာန(၆)ခုရှိပြီး အ.ထ.က-လေးမျက်နှာစာစစ်ဌာနတွင် စာရင်းရှိ ၂၅၄ ဦး၊ ဖြေဆို ၂၂၀ ဦးနှင့် ပျက်ကွက် ၃၄ ဦးရှိကြောင်း၊ အ.ထ.က အိုင်သပြုစာစစ်ဌာနတွင် စာရင်းရှိ ၂၄၈ ဦး၊ ဖြေဆို ၂၃၆ ဦးနှင့် ပျက်ကွက် ၁၂ ဦးရှိကြောင်း၊ အ.ထ.က-ခမောက်စု စာစစ်ဌာနတွင် စာရင်းရှိ ၇၀ ဦး၊ ဖြေဆို ၆၇ ဦးနှင့် ပျက်ကွက် ၃ ဦးရှိကြောင်း၊ အ.ထ.က-မဲဇလီစာစစ်ဌာနတွင် စာရင်းရှိ ၉၁ ဦး၊ ဖြေဆို ၉၀ ဦးနှင့် ပျက်ကွက် ၁ ဦးရှိကြောင်း၊ အ.ထ.က-ပန်းတောကြီးစာစစ်ဌာနတွင် စာရင်းရှိ ၁၃၀ ဦး၊ ဖြေဆို ၁၂၁ ဦးနှင့် ပျက်ကွက် ၉ ဦးရှိကြောင်း၊ အ.ထ.က-လှော်ကထားစာစစ်ဌာနတွင် စာရင်းရှိ ၂၀၈ ဦး၊ ဖြေဆို ၁၉၃ ဦးနှင့် ပျက်ကွက် ၁၅ ဦး ရှိကြောင်း၊ တစ်မြို့နယ်လုံးအနေဖြင့် စာရင်းရှိ ၁၀၀၁ ဦး၊ ဖြေဆို ၉၂၇ ဦးနှင့် ပျက်ကွက် ၇၄ ဦး ရှိပြီး (၉၂.၆၁) ရာခိုင်နှုန်း ဝင်ရောက်ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

လေးမျက်နှာမြို့နယ်အတွင်းရှိ စာစစ်ဌာနအသီးသီးတွင် ကျောင်းသား၊ ကျောင်းသူများ စိတ်အေး ချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် လုံခြုံရေး တပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် မြို့နယ်ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိသည်။

ကျော်ဟိန်း(ပြန်/ဆက်)