ဝါးခယ်မမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲပထမနေ့ကို စတင်ဖြေဆို

ဝါးခယ်မ မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊‌ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်တွင် ၂၀၂၂ ခုနှစ် ပညာသင်နှစ်အတွက် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန်တွင် စတင်ဖြေဆိုလျက်ရှိပြီး ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

ဝါးခယ်မမြို့နယ်အတွင်း စာစစ်ဌာန(၁၂)ခုရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစွမ်းထက်နှင့် တာဝန်ရှိသူများက စာစစ်ဌာနများသို့ သွားရောက်၍ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုမှုကို ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။ ဝါးခယ်မမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုရသော ကျောင်းသား၊ ကျောင်းသူများသည် ယနေ့ ပထမနေ့ မြန်မာစာဖြေဆိုမှုကို အေးချမ်းတည်ငြိမ်စွာဖြင့် စာမေးပွဲဖြေဆိုပြီးစီးကြောင်း သိရသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)