အထက်မင်းလှ မတ် ၃၁
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၁-၂၀၂၂ပညာသင်နှစ်၊ တက္ကသိုလ်ဝင် စာမေးပွဲကို စာစစ်ဌာန (၅)ခု၌ မတ်လ ၃၁ ရက်နေ့နံနက် ၉ နာရီကစတင် ဖြေဆိုလျက်ရှိသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုရာတွင် ပထမနေ့ မြန်မာစာဘာသာရပ်ဖြေဆိုသူ အထက (မင်းလှ)စာစစ်ဌာန တွင်(၅၆၆)ဦး၊ မလွန်စာစစ်ဌာနတွင်( ၂၈၁ )၊ လင်းကယ်စာစစ်ဌာနတွင် (၁၈၄) ဦး၊ ရေနံမစာစစ်ဌာနတွင်(၁၁၂)ဦး၊ လက်ပံတံခါးစာစစ်ဌာနတွင်( ၁၀၅)ဦးတို့ ဖြေဆိုခဲ့ကြသည်။ မင်းလှမြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန (၅)ခုတွင် ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူစာရင်းရှိ(၁၃၅၇)ဦးရှိရာ ဖြေဆိုသည့်ကျောင်းသား/ကျောင်းသူ (၁၂၄၈)ဦး (၉၁.၉၇)% ရှိပြီး ပျက်ကွက်သူ( ၁၀၉)ဦး (၈.၀၃)% ရှိကြောင်း မြို့နယ်ပညာရေးမှူး ရုံးမှ သိရသည်။
ဇာဇာ(အထက်မင်းလှ)