ဖျာပုံမြို့၌ တက္ကသိုလ်ဝင်တန်း ပထမနေ့ အေးချမ်းပျော်ရွှင်စွာ ဖြေဆို

ဖျာပုံ မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို စာစစ်ဌာန(၁၃)ခုဖြင့် မတ်လ(၃၁)ရက်နေ့ နံနက် (၉)နာရီအချိန်က စတင်၍ ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား အေးချမ်းပျော်ရွှင်စွာ ဖြေဆိုလျက်ရှိကြောင်း သိရ သည်။
ဖျာပုံမြို့နယ်တွင် စာစစ်ဌာနများ၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ပထမနေ့အဖြစ် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုနေမှုအား ဖျာပုံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည်မြို့နယ်အတွင်းရှိ စာစစ်ဌာန(၁၃)ခုတွင်ဖြေဆိုရန် စာရင်းပေးသွင်းထားကြသော ကျောင်းသား၊ (၈၃၀)ဦး၊ ကျောင်းသူ (၁၁၆၈)ဦး၊ စုစုပေါင်း(၁၉၉၈)ဦးရှိသည့်အနက် ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ ပထမနေ့အဖြစ် အတွဲ(၁)၊ အတွဲ(၂)၊ အတွဲ(၅)နှင့် အတွဲ(၇) ဘာသာရပ်များကို ဝင်ရောက်ဖြေဆိုသည့် ကျောင်းသား၊ (၇၄၄)ဦး၊ ကျောင်းသူ (၁၀၇၃)ဦး၊ စုစုပေါင်း(၁၈၁၇)ဦး
အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးလိုက်လံ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရ သည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)