သရက်ချောင်း မတ် ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မြန်မာနိုင်ငံ တစ်ဝှမ်း၌ ယနေ့နံနက်ပိုင်းတွင် စတင်ဖြေဆိုလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်း မြို့နယ်မှ တက္ကသိုလ်ဝင် စာမေးပွဲ မြန်မာစာဘာသာရပ်ကို ကျောင်းသား/ကျောင်းသူ (၂၀၂ )ဦးမှ ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင် စာမေးပွဲ စစ်ဆေးခြင်းကို မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၉) ရက်နေ့အထိ ဖြေဆိုကြရမည် ဖြစ်ပြီး သရက်ချောင်းမြို့နယ်တွင် အ-ထ-က (သရက်ချောင်း) စာစစ်ဌာနတွင် ကျောင်းသား/ကျောင်းသူ (၈၅) ဦး ၊ အ-ထ-က (ကမြိုင်)စာစစ်ဌာနတွင်(၁၁၇ )ဦး၊ စုစုပေါင်း (၂၀၂) ဦး ဝင်ရောက်ဖြေဆိုခဲ့ကြကြောင်း သိရသည်။
သရက်ချောင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား /သူ (၂၁၇)ဦးရှိသည့်အနက် (၂၀၂)ဦး ဝင်ရောက်ဖြေဆိုခဲ့ကြပြီးရာခိုင်နှုန်း အားဖြင့် ၉၃.၁% ဖြေဆို ကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် ပညာရေးဝန်ထမ်းများ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်များ ၊ ကျန်းမာရေးဝန်ထမ်းများ၊ ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့မိ၊ မြို့ဖများက ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
နန်းခလိုက်(သရက်ချောင်း)