ကံမမြို့နယ်၌ ၂၀၂၂ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲ စတင်ဖြေဆို

ကံမ မတ် ၃၁

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ်တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲအား စာစစ်ဌာန(၃)ခုတို့၌ ယနေ့နံနက် ၉ နာရီက   ကျောင်းသား၊ ကျောင်းသူ ၅၇၆ ဦး အေးချမ်းစွာ စတင်ဖြေဆိုလျက်ရှိသည်။

အဆိုပါတက္ကသိုလ်ဝင်တန်း စာမေးပွဲအား အခြေခံပညာ အထက်တန်းကျောင်း (ကံမ)စာစစ်ဌာန၌ ကျောင်းသား ၁၈၄ ဦး၊ ကျောင်းသူ ၂၁၂ ဦး၊ စုစုပေါင်း ၃၉၆ ဦး၊           အခြေခံပညာ အထက်တန်းကျောင်း (ရေနံ့သာ)စာစစ်ဌာန၌ ကျောင်းသား ၄၇ ဦး၊ ကျောင်းသူ ၅၆ ဦး၊ စုစုပေါင်း ၁၀၃ ဦးနှင့်  အခြေခံပညာ အထက်တန်းကျောင်း (ကြို့ပင်)စာစစ်ဌာန၌ ကျောင်းသား ၂၉ ဦး၊ ကျောင်းသူ ၄၈ ဦး၊ စုစုပေါင်း ၇၇ ဦး ဝင်ရောက်ဖြေဆိုပြီး မြို့နယ်အတွင်း စာစစ်ဌာန(၃)ခုတို့၌ စုစုပေါင်း ကျောင်းသား၊ ကျောင်းသူ ၅၇၆ ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ  အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများက ကြီးကြပ်စောင့်ရှောက်ပေး လျက်ရှိကြောင်း သိရသည်။

ကျော်ဇေယျဝင်း(ကံမ)