ထန်းတပင် မတ် ၃၁
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်တွင် ၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီမှစ၍ ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများနှင့်အညီ စနစ်တကျ ဆောင်ရွက်လျက်ရှိပြီး ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို စာစစ်ဌာန (၃)ခုတွင် ကျောင်းသား (၁၇၆) ဦး၊ ကျောင်းသူ (၂၆၄)ဦး နှင့် ပြင်ပဖြေ ဆိုကျောင်းသား (၂၃) ဦး၊ ကျောင်းသူ (၄၇)ဦး စုစုပေါင်း (၅၁၀) ဦး ဝင်ရောက်ဖြေဆိုကြပြီး တစ်ရက်လျှင် တစ်ဘာသာဖြင့် မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၉ ရက်နေ့အထိ စစ်ဆေးဖြေဆိုကြမည် ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်တန်း စာမေးပွဲကို အေးချမ်းသာယာစွာနှင့် အောင်မြင်ချောမွေ့စွာ ဖြေဆိုနိုင်ရေး အတွက် စာစစ်ဌာနအလိုက် ကြီးကြပ်ရေးမှူးနှင့် လ/ထ ကြီးကြပ်ရေးမှူးများက ကြီးကြပ်လျက် ကျောင်းအတွင်း/ အပြင် လုံခြုံရေး၊ ကျောင်းသား/သူများ၏ လုံခြုံရေးအား မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ နယ်မြေရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များက ပူးပေါင်းဆောင်ရွက် လျှက်ရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)