စလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့လုပ်ငန်းညှိနိုင်းအစည်းအဝေးကျင်းပ

စလင်း မတ်လ ၃၁

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်တွင် ၂၀၂၂ခုနှစ် မြို့နယ် စီမံအုပ်ချုပ်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက်၁၀နာရီအချိန်က မြို့နယ်ဌာနဆိုင်ရာများနှင့် ဒေသဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများ ညှိနှိုင်းအကောင်အထည်ဖော်ဆောင်ရွက်ရေးကို မြို့နယ် အထွထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး ပတ္တမြားခန်းမဆောင်တွင် ကျင်းပဆောင်ရွက်ခဲ့သည်။

အဆိုပါတွေဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေလင်းနိုင်မှ အဖွင့်အမှာစကားပြောကြားရာတွင် မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသည် နိုင်ငံတော်အုပ်ချုပ်ရေး ယန္တရားတွင် အရေးပါသော အခြေခံအဆင့်ဖြစ်ကြောင်း နိုင်ငံဝန်ထမ်းတိုင်းဟာ အမျိုးသားအကျိုးစီးပွားကို အကောင်အထည်ဖော် ဆောင်ရွက်နေကြသူ များဖြစ်သည့်အတွက် တာဝန်တစ်ရပ်ဖြစ်ပါကြောင်း၊ မိမိတို့မြို့နယ်အတွင်း မြို့ပြနှင့် ကျေးလက်ဖွံ့ဖြိုးတိုးတက်မှု ကွာဟခြင်းကို လျော့ချနိုင်ရန် မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် နှစ်စဉ်စီမံကိန်းများချမှတ်ပြီး အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ဒေသဖွံ့ဖြိုးရေးအတွက် မရှိမဖြစ်လိုအပ်သည့် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်စေရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိရေး၊ လျှပ်စစ်မီးရရှိရေး၊ ပညာရေးနှင့် ကျန်းမာရေးကဏ္ဏ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရေး၊ ပြည်သူများ စားနပ်ရိက္ခာဖူလုံပြီး လူမှုစီးပွားဘဝများ သာယာဝပြောလာစေရေးတို့ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အနေဖြင့် စီမံချက်များချမှတ် ဆောင်ရွက်လျက်ရှိပါကြောင်း၊ ထို့ကြောင့် စိုက်ပျိုးရေးကဏ္ဍ အထွက်နှုန်း ကောင်းမွန်စေရေး အတွက် စိုက်ပျိုးဧကများတိုးချဲ့စိုက်ပျိုးနိုင်ရန် လယ်မြေများကို ဖော်ထုတ်ပြီး မိုးစပါး၊ နွေစပါးများ တိုးချဲ့စိုက်ပျိုးဖို့လိုအပ်မှာဖြစ်ပြီး ရပ်ကွက်ကျေးရွာအုပ်စုများက မိမိတို့ ကျေးရွာရှိ လယ်ယာမြေ များကို ဥပဒေနဲ့အညီစီမံခန့်ခွဲ ဆောင်ရွက်ကြဖို့ သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ကြရမှာဖြစ်ပြီး လုံခြုံရေးစနစ်အနေဖြင့် ပြည်သူပါဝင်သော လွှမ်းခြုံရေးစနစ်ကို ဆောင်ရွက်သွားမှာဖြစ်သည့်အတွက် နယ်မြေခံတပ်မတော်နှင့် ရဲတပ်ဖွဲ့သာမက ပြည်သူကပါ ပူးပေါင်းပါဝင်ကြရမှာဖြစ်ကြောင်း ပြောကြားခဲ့ပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာ ဌာနများမှလည်း  ဆွေးနွေးတင်ပြကြရာ မြို့နယ် စီမံအုပ်ချုပ်ရေးဥက္ကဋ္ဌ ဦးနေလင်းနိုင်က ကျေးရွာများ နွေစပါး အချိန်မှိစိုက်ပျိုးနိုင်ရေးတို့ကို သက်ဆိုင်ရာမြေစာရင်အင်းဌာန၊ ဆည်မြာင်းဌာန၊ စိုက်ပျိုးရေးဌာန စသည့်သက်ဆိုင်ရာဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းကာ လိုအပ်သည်များကို ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

မောင်လွင် စလင်း