မြိတ်မြို့နယ်တွင် ကျောင်းသား/သူများ ​​​​​​​တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စတင်ဖြေဆို

မြိတ်   မတ်  ၃၁

(၂၀၂၂)ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ အခြေခံပညာကျောင်း စာစစ်ဌာနများတွင် မတ်လ(၃၁)ရက် နံနက်(၉)နာရီက စတင်ကျင်းပလျက်ရှိရာ တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း(၄)ကျောင်းရှိ စာစစ်ဌာနများ၌ ကျောင်းသား/သူများက စိတ်အေးချမ်းစွာ လာရောက် ဖြေဆိုလျက်ရှိကြသည်။

မြိတ်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုကြမည့် စာရင်းရှိ ကျောင်းသား/သူ စာရင်းရှိ (၁၇၁၅) ဦးရှိပြီး စာစစ်ဌာနကျောင်း(၄)ကျောင်းတွင် မြန်မာစာဘာသာကို ကျောင်းသား/သူ (၁၅၈၀)ဦး စတင်လာရောက် ဖြေဆိုကြပြီး ဖြေဆိုရန် ပျက်ကွက်သူ(၁၃၅)ဦးရှိ၌ စာမေးပွဲဖြေဆို သည့်ရာခိုင်နှုန်းအနေဖြင့် (၉၂)ရာခိုင်နှုန်းရှိ၍ ဖြေဆိုရန်ပျက်ကွက်(၈)ရာခိုင်နှုန်းရှိကြောင်း ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်တန်းစာမေးပွဲကို မြိတ်မြို့နယ်အနေဖြင့် အထက(၁) စာစစ်ဌာန၊ အထက(၂) စာစစ်ဌာန၊ အထက(ကျွဲကူး)စာစစ်ဌာနနှင့် အထက(အင်္ဂမော်) စာစစ်ဌာန စုစုပေါင်း စာစစ်ဌာန(၄)ခုဖြင့် ကျင်းပပေးလျက်ရှိပြီး ကျောင်းသား/သူများ စိတ်အေးချမ်းသာစွာစာမေးပွဲ ဖြေဆိုနိုင်ရေးအတွက် စာစစ်ဌာနအသီးသီး၌ တာဝန်ကျ ဆရာ/မများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိသည်။

ထို့အတူ မြိတ်ခရိုင်နှင့်မြို့နယ် စာမေးပွဲကြီးကြပ်ရေးအဖွဲ့များ၊  ကျောင်းအကျိုးတောဆောင်နှင့် မိဘဆရာ အသင်း၊ ရပ်မိရပ်ဖများနှင့် တာဝန်ရှိသူများအား အပြင်စည်းအဖြစ်လည်းကောင်း၊ ဆရာ/မများက အတွင်းစည်း အဖြစ်လည်းကောင်း တာဝန်များခွဲဝေချထား စာမေးပွဲမျာ ကျင်းပလျက်ရှိပြီး ခရိုင်ပညာရေးမှူး ဦးဉာဏ်ထွန်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စွာမင်းနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနကျောင်းများအား လိုက်လံကြည့်ရှု စစ်ဆေးဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခိုင်ထူး(မြိတ်ပြန်/ဆက်)