ကျောက်ကြီး မတ် ၃၁
၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်၀င်စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ(၉)ရက်နေ့ အထိ ဖြေဆိုလျက်ရှိရာ ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့ နယ်တွင် စာဖြေဌာန (၃)ခု၌ အပြင်ဖြေ၊ ကျောင်းတွင်းဖြေ ကျောင်းသားကျောင်းသူ ၉၄၃ ဦး စာရင်းရှိပြီး ဝင်ရောက်ဖြေဆိုသူ (၈၇၃)ဦးရှိကြောင်း မြို့နယ် ပညာရေးမှူးရုံး က သိရသည်။
ကျောက်ကြီးမြို့နယ်ရှိ စာဖြေဌာနများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဇော်လင်းထွန်း က စာမေးပွဲဖြေဆိုနေစဉ်ကာလ အတွင်းစာစစ်ဌာန(၃)ခု၌ ကြီးကြပ်ရေးအဖွဲ့(၃)ဖွဲ့ ဖွဲ့စည်းကာ အဖွဲ့ခေါင်းဆောင်(၃)ဦးနှင့် တစ်ဖွဲ့လျှင်(၅)ဦးဖြင့် စာမေးပွဲဖြေဆိုနေစဉ် ကာလအတွင်း ကြီးကြပ်လျက်ရှိပြီး မြို့နယ်ပညာရေးမှူး ဦးတင်ဝင်း က တက္ကသိုလ်၀င် စာမေးပွဲကို မသမာမှု ကင်းရှင်းစွာ ဖြေဆိုနိုင်ရေး၊ စည်းကမ်းပြည့်၀၍ အေးချမ်းစွာ ကျင်းပပြီးစီးနိုင်ရေး၊ တရားမျှတမှု ရှိရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားသည်။
ကျောက်ကြီးမြို့နယ်ရှိ စာဖြေဌာနများဖြစ်သည့် အထကကျောက်ကြီးကျောင်းတွင် (၃၈၇)ဦးl အထက မုန်း ကျောင်း တွင် (၁၇၅)ဦး၊ အထက နတ်သံကွင်း ကျောင်းတွင် (၃၁၁)ဦး၊ ဝင်ရောက် ဖြေဆိုကြပြီး စာစစ်ဌာန (၃)ခု၌ အပြင်ဖြေ၊ ကျောင်းတွင်းဖြေ စုစုပေါင်း (၈၇၃)ဦးတို့ ငြိမ်းချမ်းစွာ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)