အမာ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင် စာမေးပွဲ ပထမနေ့ (မြန်မာစာ) ဘာသာကို အ.ထ.က(အမာ) စာစစ်ဌာန၌ ယနေ့ နံနက် ၉ နာရီမှ စ၍ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုသည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဖြေဆို နိုင်ရေးအတွက် အမာမြို့၊ မြို့အုပ်ချုပ်ရေးမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် မြို့နယ်ရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက လုံခြုံရေး အဖွဲ့ဖြင့် စောင့်ကြပ်လျက်ရှိပြီး ကျန်းမာရေးဌာနက လိုအပ်သည့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ် များအတွက်လည်း ပြင်ဆင်စောင့်ကြပ်လျက်ရှိသည်။
အမာမြို့တွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲသို့ ကျား(၆၃)ဦး၊ မ(၈၀)ဦး၊ စုစုပေါင်း (၁၄၃)ဦး ဝင်ရောက်ဖြေဆိုလျက်ရှိပြီး ပျက်ကွက်(၁၂ )ဦးရှိကြောင်း သိရသည်။
အမာ(ပြန်/ဆက်)