သာပေါင်းမြို့နယ် စာစစ်ဌာန (၆)ခုတိုတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စတင်ဖြေဆို

သာပေါင်း မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ယနေ့မတ်လ ၃၁ ရက်နေ့ နံနက် ၉ နာရီအချိန် မှ စတင်၍ စာစစ်ဌာန(၆)ခုတို့တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲ မြန်မာဘာသာကို အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေကြသည်။

၂၀၂၂ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း စာမေးပွဲဖြေဆိုနေရာ စာစစ်ဌာန(၆)ခုတို့တွင် မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ကြီးကြပ်ရေးအဖွဲ့များက စီစစ်ကြီးကြပ် ကြပ်မတ် ကူညီဆောင်ရွက်လျက်ရှိကြသည်။

သာပေါင်းမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း သာပေါင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၂၂၂)ဦး၊ ကျောင်းသူ(၃၀၄)ဦး၊ ပေါင်း(၅၂၆)ဦး၊ စာဖြေဆို ကျောင်းသား (၂၀၄)ဦး၊ ကျောင်းသူ(၂၉၄)ဦး ပေါင်း(၄၉၈)ဦး၊ ပျက်ကွက် ကျောင်းသား (၁၈)ဦး၊ ကျောင်းသူ(၁၀)ဦး၊ စုစုပေါင်း(၂၈)ဦး ၉၄.၆၈%၊ အခြေခံပညာအထက်တန်းကျောင်း ဇီးဖြူကွင်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၇၈)ဦး၊ ကျောင်းသူ(၉၆)ဦး၊ ပေါင်း(၁၇၄)ဦး၊ စာဖြေဆို ကျောင်းသား (၆၆)ဦး၊ ကျောင်းသူ(၈၁)ဦး ပေါင်း(၁၄၇)ဦး၊ ပျက်ကွက် ကျောင်းသား(၁၂)ဦး၊ ကျောင်းသူ (၁၅)ဦး၊ စုစုပေါင်း(၂၇)ဦး ၈၄.၄၈%၊ အခြေခံပညာအထက်တန်းကျောင်း ဘုရားကုန်း စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၅၄)ဦး၊ ကျောင်းသူ (၅၂)ဦး၊ ပေါင်း(၁၀၆)ဦး၊ စာဖြေဆို ကျောင်းသား (၅၄)ဦး၊ ကျောင်းသူ (၄၉)ဦး ပေါင်း(၁၀၃)ဦး၊ ပျက်ကွက် ကျောင်းသား(-)ဦး၊ ကျောင်းသူ(၃)ဦး၊ စုစုပေါင်း(၃)ဦး ၉၇.၁၇%၊ အခြေခံပညာ အထက်တန်းကျောင်း စက်ဒေါင့်ကြီး စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား (၇၀)ဦး၊ ကျောင်းသူ(၁၂၅)ဦး၊ ပေါင်း(၁၉၅)ဦး၊ စာဖြေဆို ကျောင်းသား (၆၃)ဦး၊ ကျောင်းသူ(၁၂၂)ဦး ပေါင်း(၁၈၅)ဦး၊ ပျက်ကွက် ကျောင်းသား(၇)ဦး၊ ကျောင်းသူ(၃)ဦး၊ စုစုပေါင်း(၁၀)ဦး ၉၄.၈၇%၊ အခြေခံပညာအထက်တန်းကျောင်း လှေကြီးတတ် စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၉၉)ဦး၊ ကျောင်းသူ(၁၄၄)ဦး၊ ပေါင်း(၂၄၃)ဦး၊ စာဖြေဆို ကျောင်းသား(၈၃)ဦး၊ ကျောင်းသူ (၁၂၈)ဦးပေါင်း(၂၁၁)ဦး၊ ပျက်ကွက် ကျောင်းသား(၁၆)ဦး၊ ကျောင်းသူ(၁၆)ဦး၊ စုစုပေါင်း(၃၂)ဦး ၈၆.၈၃%၊ အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)ဆောင်ဘုံ စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၃၂)ဦး၊ ကျောင်းသူ(၄၀)ဦး၊ ပေါင်း(၇၂)ဦး၊စာဖြေဆို ကျောင်းသား (၂၈)ဦး၊ ကျောင်းသူ (၄၀)ဦးပေါင်း(၆၈)ဦး၊ ပျက်ကွက် ကျောင်းသား(၄)ဦး၊ ကျောင်းသူ(-)ဦး၊ စုစုပေါင်း (၄)ဦး ၉၄.၄၄% အေးချမ်းတည်ငြိမ်စွာ ဖြေဆိုနေကြပြီး တစ်မြို့နယ်လုံး စာစစ်ဌာန(၆)ခုတို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာရင်းရှိ ကျောင်းသား(၅၅၅)ဦး၊ ကျောင်းသူ(၇၆၁)ဦး၊ ပေါင်း (၁၃၁၆)ဦး၊ စာဖြေဆို ကျောင်းသား(၄၉၈)ဦး၊ ကျောင်းသူ (၇၁၄)ဦး ပေါင်း(၁၂၁၂)ဦး၊ ပျက်ကွက် ကျောင်းသား(၅၇)ဦး၊ ကျောင်းသူ(၄၇)ဦး၊ စုစုပေါင်း(၁၀၄)ဦး ၉၂.၁၀% ရှိကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်နိုင်ထံမှ သိရသည်။

မျိုးဇော်သိန်း (သာပေါင်း ပြန်/ဆက်)