ဓနုဖြူ မတ် ၃၁
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် ၂၀၂၂ ခုနှစ်တက္ကသိုလ်ဝင်စာမေးပွဲကို ယနေ့၊ မတ်လ (၃၁)ရက်နေ့၊ နံနက်(၉)နာရီ အချိန်မှစတင်၍ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စတင် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
ယနေ့၊ ပထမနေ့တွင် (မြန်မာစာ) ဘာသာရပ်အား ဓနုဖြူမြို့နယ်အတွင်းရှိ စာစစ်ဌာန(၉)ခုတို့တွင် စတင်ဖြေဆိုလျက်ရှိပြီး စာမေးပွဲဝင်ရောက်ဖြေဆိုမည့် ကျောင်းသား/ ကျောင်းသူများအား အပူချိန်တိုင်းခြင်း၊ Hand Gel ဖြင့် လက်ဆေးခြင်းများ ဆောင်ရွက်စေပြီးမှ ဝင်ရောက်ဖြေဆိုကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)