မိုးသက်လေပြင်းတိုက်ခတ်၍ နေအိမ်(၁)လုံးပြိုကျပျက်စီးခဲ့ရသော လေဘေးသင့် အိမ်ထောင်စုအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

သာပေါင်း မတ် ၃၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်၊ သဲဖြူကျေးရွာအုပ်စု၊ သံလျှက်စွန်းကျေးရွာတွင် မတ်လ ၂၃ ရက်နေ့က မိုးသက်လေပြင်းတိုက်ခတ်၍ ဦးစိန်လွင်နေအိမ်တစ်လုံး ပြိုကျပျက်စီးခံရသော အိမ်ထောင်စုအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ သာပေါင်းမြို့နယ်ရုံးမှ အိမ်ဆောက်ပစ္စည်းဖိုး (၁၀၀၀၀ဝ)ကျပ်၊ လူဦးရေ (၃)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ ရန်ပုံငွေ (၆၃၀ဝ)၊ စုစုပေါင်းရန်ပုံငွေ (၁၀၆၃၀ဝ)နှင့် ကယ်ဆယ်ရေးပစ္စည်း (၁၆)မျိုး တစ်အိမ်ထောင်စာ (၄၆၀၃၆/-)တို့ကို မတ်လ ၂၉ ရက်နေ့ နံနက် ၉ နာရီအချိန်က ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနရုံးမှ စာရေး ဒေါ်သင်ဇာဝင်းပြည့်နှင့် သဲဖြူကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတို့မှ ကျေးရွာသို့သွားရောက်ပြီး လေဘေးသင့်၍ နေအိမ်ပြိုကျပျက်စီး အိမ်ထောင်ဦးစီး ဦးစိန်လွင် လက်ဝယ်သို့ ထောက်ပံ့ပေးအပ်ခဲ့သည်။

မျိုးဇော်သိန်း(ပြန်/ဆက်)