ချောက်၌ စိုက်ပျိုးရေး၊​ မွေးမြူရေး ခေတ်မီစံပြကျေးရွာ အကောင်အထည်ဖော်ဆောင်ရွက်ရေး လုပ်ငန်းညှိနှိုင်း အစည်း အဝေးကျင်းပ

ချောက်  မတ်လ  ၃၁

ချောက်မြို့နယ်၊ ကြီးနီကျေးရွာအား စိုက်ပျိုး​​ရေး၊​ မွေးမြူ​ရေး​​ ခေတ်မီစံပြ​ကျေးရွာအဖြစ် ကောင်အထည်​ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပသည်။

အစည်းအဝေးတွင် ရှေးဦးစွာ  မြို့နယ်စီမံအုပ်ချုပ်​ရေးအဖွဲ့  ဥက္ကဋ္ဌ ဦးစိုးလွင်က မ​ကွေးတိုင်း​ဒေသကြီး ​ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ စိုက်ပျိုး​ရေး၊​ မွေးမြူ​ရေး ခေတ်မီ စံပြ​ကျေးရွာများအဖြစ်  တိုင်းဒေသကြီးအတွင်း အ​ကောင်အထည်ဖော်​ဆောင်ရွက်မည့် စံပြကျေးရွာ (၃)ရွာတွင် ချောက်မြို့နယ် ကြီးနီကျေးရွာပါရှိသည့်အတွက် စံသတ်မှတ်ချက် (၁၅)ချက်နှင့် ကဏ္ဍအလိုက် လုပ်ငန်းတာဝန်များ ခွဲဝေအကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေး ဆောင်ရွက်မည့်လုပ်ငန်းများအား ဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ဌာန အသီးသီးမှ မိမိတို့နှင့်သက်ဆိုင်သည့် အခန်းကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရေးပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်​ကျေးလက်​ဒေသဖွံဖြိုးတိုးတက်​ရေးဦးစီးဌာန၊ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်မေသက်နိုင်က ခေတ်မီစံပြကျေးရွာအကောင် အထည်ဖော် ဆောင်ရွက်မည့် ကြီးနီ​ကျေးရွာနှင့်ပတ်သက်၍​ဆောင်ရွက်မည့် လုပ်ငန်းအစီအမံများအား တင်ပြ​​ဆွေး​​နွေးရာ၊ တက်ရောက်လာသည့်ဌာနများမှ ကဏ္ဍအလိုက်လုပ်ငန်းတာဝန်ခွဲဝေ​ဆောင်ရွက်မှုအပေါ် အပြန်အလှန်ဆွေး​နွေးပြီး ​ခေတ်မီစံပြ​ကျေးရွာအ​ကောင်အထည်ဖော် ဆောင်ရွက်မည့် ကြီးနီ​ကျေးရွာအုပ်ချုပ်​ရေးမှူးနှင့်ရပ်မိရပ်ဖများက ကဏ္ဍများအလိုက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်မည့်အခြေအနေများအား တင်ပြခဲ့ကြသည်။

အဆိုပါစိုက်ပျိုးရေး၊ မွေးမြူရေးခေတ်မီစံပြကျေးရွာများကို ကျေးရွာ အခြေခံအဆောက်အအုံ ဖွံ့ဖြိုးစေခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူနေမှုအဆင့် အတန်းမြင့်မားလာစေရန်၊ သွင်းအားစု၊ ငွေကြေးဝန်ဆောင်မှုနှင့် နည်းပညာပံ့ပိုးခြင်းဖြင့် ကျေးလက်စီးပွားရေး မြင့်မားလာစေရန် ၊သဘာဝပတ်ဝန်းကျင်နှင့်လိုက် လျောညီထွေရှိပြီး နေချင့်စဖွယ် စံပြ ကျေးရွာများဖြစ်ပေါ်လာစေရန်၊ ကျေးရွာသူ၊ကျေးရွာသားများနှင့်ကျေးရွာအသင်းအဖွဲ့များ စွမ်းဆောင်ရည်မြင့်မားလာစေခြင်းဖြင့် စဉ်ဆက်မပြတ်ဖွံ့ဖြိုးမှုကို ဖော်ဆောင်နိုင်ရန် ရည်ရွယ်၍ အကောင် အထည်ဖော် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း သိရသည်။

သိမ့်ဝါ(ပြန်/ဆက်)