အုတ်တွင်း မတ် ၃၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ စာစစ်ဌာန(၆)ခုတွင် တက္ကသိုလ် ၀င်စာမေးပွဲဖြေဆိုရန်အတွက် ကြိုတင်ပြင်ဆင်ဆောင် ရွက်ထားရှိမှုများအား ယမန်နေ့မွန်း လွဲပိုင်းအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများမှ လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
အဆိုပါစာစစ်ဌာန(၆)ခုတွင် ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများအား အုတ်တွင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ၊ သက်ဆိုင်ရာတာဝန်ရှိသူများ လိုက်ပါ၍ အ.ထ.က (အုတ်တွင်း)၊ အ.ထ.က (တပ်နယ်)၊ အ.ထ.က(ကျွဲပွဲ)၊ အ.ထ.က(ဗောဓိကုန်း)၊ အ.ထ.က(ထန်းကုန်း)၊ အ.ထ.က(ညောင်ခြေထောက်) စာစစ်ဌာနတို့၌ တက္ကသိုလ်၀င်စာမေးပွဲကို ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူများ စိတ်အေးချမ်းသာစွာ ဝင်ရောက် ဖြေဆိုနိုင်ရေး စာဖြေဆောင်များ ပြင်ဆင်ထားရှိမှု၊ သန့်ရှင်းရေးများ ဆောင်ရွက်ထားရှိမှု၊ ကျန်းမာရေးမကောင်းသူများအတွက် ကျန်းမာရေးစောင့်ရှောက်မှုပေးနိုင်ရန် ပြင်ဆင်ထားရှိမှုအခြေအနေနှင့် လုံခြုံရေးပြင်ဆင်ထားရှိမှု အခြေအနေတို့ကို လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
(၂၀၂၁-၂၀၂၂) ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကိုစာစစ်ဌာန (၆)ခု တို့၌ ကျောင်းအတွင်း ဝင်ရောက်ဖြေဆိုသူ ကျောင်းသား ကျောင်းသူ (၁၂၅၄)ဦး၊ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း ကျောင်တွင်းဖြေဆိုသူကျောင်းသား၊ ကျောင်းသူ(၈၁၅)ဦး၊ ပြင်ပမှ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ (၄၃၉)ဦး ရှိပြီး၊ အုတ်တွင်းမြို့နယ် စာစစ်ဌာန(၆)ခုတွင် ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၁၂၅၄)ဦးရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)