မေတ္တာ မတ် ၃၀
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ၂၀၂၁-၂၀၂၂ တက္ကသိုလ်ဝင် စာမေးပွဲ အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် မေတ္တာမြို့၊ မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းက မိမိတို့မြို့တွင်တက္ကသိုလ်ဝင် စာမေးပွဲကို မတ်လ ၃၁ ရက်နေ့မှ ဧပြီလ ၆ ရက်နေ့အထိ စာစစ်ဌာနနေရာ (၁)ခုတွင်ဖွင့်လှစ် ကျင်းပသွားမည်ဖြစ်ကြောင်း၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ ကိုယ်တိုင် လာရောက်ကြီးကြပ် ပေးကြရန်၊ သက်ဆိုင်ရာ စာစစ်ဌာန အသီးသီးသို့ တာဝန်ရှိသူများ လာရောက်မှု ရှိမရှိ စစ်ဆေး သတင်းပေးပို့ပါရန်နှင့် တက္ကသိုလ်ဝင် စာမေးပွဲဖြေဆိုမည့် ကျောင်းသား/သူ များ၏ ကျန်းမာရေး နှင့် ပတ်သက်၍ စာဖြေဆိုနေစဉ်အတွင်း နေမကောင်းဖြစ်ခြင်း၊ မူးဝေခြင်းများ ဖြစ်ပါက ကျောက်မဲတောင် ကျေးလက်ကျန်းမာရေး ဆေးပေးခန်းသို့ဆေးကုသမှု ခံယူရန်အတွက် စီစဉ် ဆောင်ရွက်ပေးထားကြောင်း ဆွေးနွေးခဲ့ပြီး ဆက်လက်၍ နယ်မြေခံတပ်ရင်းမှတပ်ရင်းမှူး ဗိုလ်မှူးဉာဏ်လင်းစိုးမှ အစည်းအဝေးသို့တက်ရောက်လာကြသော ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက် ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်မိရပ်ဖများအား တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုမည့် ကျောင် းသား/သူများ စိတ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးစေ လိုကြောင်းနှင့် နယ်မြေခံရဲစခန်းမှ ရဲမှူးအောင်မြင့်ဝင်းက လုံခြုံရေးကိစ္စရပ်များ၊ စာဖြေဆိုဌာန များနှင့် စာစစ်ဌာနများအတွက် မီးလန့်မှုများ မဖြစ်ပွားစေရန် မီးသတ်ဦးစီးဌာနမှပူးပေါင်း ဆောင်ရွက်ပေးစေလိုကြောင်းနှင့် စာဖြေဆိုမည့်ကျောင်းသား/သူများ စာဖြေဆိုရာတွင် စိတ် အနှောက်အယှက် မဖြစ်စေရန်အတွက် စာဖြေဆိုရာပတ်ဝန်းကျင်များတွင် ကြိုတင် ကာကွယ်သည့်အနေဖြင့် တုတ်၊ ဓားလက်နက်များ ကိုင်ဆောင်ခွင့်မပြုပါရန် တာဝန်ရှိသူများမှ စစ်ဆေးပေးရန်လို ကြောင်းထပ်ဆောင်းဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်ကျောင်းအုပ်ဆရာမကြီး ဒေါ်လွမ်ကြည်မှ ကျောင်း၏လိုအပ်ချက်များအား တင်ပြ ဆွေးနွေးခဲ့ပြီး တက်ရောက်လာသည့် ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ ဆွေးနွေးတင်ပြချက်များအား မြို့အုပ်ချုပ်ရေးမှူးမှပူးပေါင်းညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အေးအေးချို(မေတ္တာ)